Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 65 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

ဤကြီးကျယ်လှသည့် ကလိမဟ်တော်များဖြင့် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းသည် လောကနှင့် လောကရှိအရာခပ်သိမ်းတို့ထက် သာပိုမွန်မြတ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ ၎င်းမှာ- “စွဗ်ဟာနလ္လာဟ်” အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသည်။ “အလ်ဟမ်ဒု လိလ္လာဟ်”ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွ အရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။ “လာအိလာဟ အိလ္လလ္လာဟ်” အလ္လာအရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ “အလ္လာဟု အက္ကဗရ်” အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်တော်မူသည်။

Source
رواه مسلم
Download image

Saved at original quality