Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 53 languages
«အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည် - လူသားတစ်ဦး ကွယ်လွန်သောအခါ (၃) ခုသောအရာမှလွဲ၍ ၎င်း၏အမလ်ကျင့်ဆောင်မှုသည် ၎င်းထံမှ ရပ်တန့်သွားသည်။ (၁) အကျိုးစဝါးဗ်မပြတ်တမ်းရရှိနေသော အလှူဒါန (၂) လူတို့အကျိုးခံစားရသော ပညာ (၃) မိမိအတွက် ဒုအာပြုပေးသော ကောင်းမွန်သည့် သားသမီး ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် ကွယ်လွန်သွားသည့်အခါ ၎င်း၏အမလ်ကျင့်ဆောင်မှုများ ရပ်တန့်သွားကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းသေဆုံးကွယ်လွန်ပြီးနောက် သူ့အဖို့ ကောင်းမှုများသည် အောက်ပါအရာ (၃) ခုမှလွဲ၍ ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများ၏ အကြောင်းခံသည် ၎င်းကိုယ်တိုင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထိုအရာ (၃) ခုမှာ အောက်ပါအတိုင်းဖြစ်သည်- ၁။ အကျိုးစဝါးဗ်မပြတ်တမ်းအမြဲတစေရရှိနေမည့်အလှူဒါန - ဥပမာ - ဝကဖ် (မြေ၊ နေရာ၊ ပစ္စည်းစသည်တို့ကို သတ်မှတ်လှူဒါန်းခြင်း) ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခြင်းနှင့် ရေတွင်းတူးခြင်းစသည်တို့ဖြစ်သည်။ ၂။ လူတို့ အကျိုးခံစားရသော ပညာ - ဥပမာ - ပညာရပ်ဆိုင်ရာ စာအုပ်များ ပြုစုရေးသားခြင်းနှင့် တစ်ဦးတစ်ယောက်ကို ပညာတတ်မြောက်အောင် သင်ကြားပေးခြင်းတို့ဖြစ်ပြီး ထိုသူသည် ၎င်းကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း ထိုပညာဖြန့်ဝေရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လေသည်။ ၃။ကောင်းမွန်သော အီမာန်ရှင်သားသမီးများသည် မိမိတို့၏ မိဘများအတွက် ဒုအာပြုပေးကြသည်။

Source
رواه مسلم
Download image

Saved at original quality