Hadith for the World
အရောင်းအ၀ယ်ဆိုင်ရာ ဖိကဟ်။

ငြိမ်းချမ်းရေးနှင့် အိမ်နီးချင်းနှင့် သက်ဆိုင်သည့် ပညတ်ချက်များ။

2 hadiths

2 hadiths

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းကင်တမန် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာဆက်ဆံရန် အမြဲမှာကြားတော်မူသည်။ အဘယ်မျှထိဆိုသော် အိမ်နီးချင်းအား အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်မည်ဟုပင် ငါကိုယ်တော် ထင်မိခဲ့သည်။متفق عليه
အဗူယှုရိုင်ဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ (ထိုအခါ) လျှောက်ထားမေးမြန်းခြင်းခံရသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူပါနည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "အကြင်သူ၏ ဒုက္ခပေးမှုကြောင့် ၎င်း၏ အိမ်နီးချင်းမှာ အေးချမ်းစွာမနေရသူ ဖြစ်သည်။"رواه البخاري