Hadith for the World
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ကိုယ်ကျင့်တရားဆိုင်ရာ ဖိကဟ်။

56 hadiths

56 hadiths

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။رواه أبو داود والترمذي وأحمد
ဟိရှာမ် ဗင်န် ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား)ဒေသရှိ အန်ဘာတ်လူမျိုး (အာရပ်မဟုတ်သူများ) အချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ သူက "သူတို့ ဘာဖြစ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ လူတို့က "သူတို့သည် ဂျိဇ်ယဟ်(အခွန်ကြေး ) မပေးဆောင်သည့်အတွက် ဖမ်းဆီးဒဏ်‌ပေးခံထားရခြင်းဖြစ်သည်" ဟု ပြောခဲ့ကြသည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍‌ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ "ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။"رواه مسلم
အဗူစာအီဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ "အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ။ ထို့ပြင် အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ။"رواه مسلم
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။متفق عليه
عَن أَبي هُرَيْرَةَ، قَالَ: قَامَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي صَلاَةٍ وَقُمْنَا مَعَهُ، فَقَالَ أَعْرَابِيٌّ وَهُوَ فِي الصَّلاَةِ: اللَّهُمَّ ارْحَمْنِي وَمُحَمَّدًا، وَلاَ تَرْحَمْ مَعَنَا أَحَدًا. فَلَمَّا سَلَّمَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ لِلْأَعْرَابِيِّ: «لَقَدْ حَجَّرْتَ وَاسِعًا» يُرِيدُ رَحْمَةَ اللهِ.رواه البخاري
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: «إِنَّ اللَّهَ قَالَ: إِذَا ابْتَلَيْتُ عَبْدِي بِحَبِيبَتَيْهِ فَصَبَرَ، عَوَّضْتُهُ مِنْهُمَا الجَنَّةَ» يُرِيدُ: عَيْنَيْهِ.رواه البخاري
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مَرَّ عَلَى صُبْرَةِ طَعَامٍ فَأَدْخَلَ يَدَهُ فِيهَا، فَنَالَتْ أَصَابِعُهُ بَلَلًا فَقَالَ: «مَا هَذَا يَا صَاحِبَ الطَّعَامِ؟» قَالَ أَصَابَتْهُ السَّمَاءُ يَا رَسُولَ اللهِ، قَالَ: «أَفَلَا جَعَلْتَهُ فَوْقَ الطَّعَامِ كَيْ يَرَاهُ النَّاسُ؟ @مَنْ غَشَّ فَلَيْسَ مِنِّي».رواه مسلم