Hadith for the World
စွန္နဟ်ဆိုင်ရာ အထွေထွေလေ့လာမှုများ။

စွန္နဟ်၏အရေးပါမှုနှင့် ၎င်း၏ အဆင့်အတန်း။

3 hadiths

3 hadiths

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။رواه البخاري
စမုရဟ်ဗင်န်သုဂျုန်ဒုဗ်နှင့်မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟုမာ)တိုက ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည် မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည် ငါကိုယ်တော်၏ဟဒီးဆ်မဟုတ်ဟု ထင်ရသော ဟဒီးဆ်ဖြစ်နေပါက ထိုဆင့်ပြန်သူသည် ဟဒီးဆ်ကို တီထွင်ပြောကြားသူ သို့မဟုတ်ဆင့်ပြန်သူစသည့် မုသားပြောသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။رواه مسلم في مقدمته
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။متفق عليه