Hadith for the World
တမန်တော်မြတ်၏ ကိုယ်ကျင့်တရားများ။

حلمه صلى الله عليه وسلم

1 hadiths

1 hadiths

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာအတွက် လက်တုံ့ ပြန်တော်မမူခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များ၊ ဂုဏ်တော်များကို ချိုးဖောက်ကျူးလွန်ခြင်းခံရလျှင်မူ ထိုအရာကိုအကြောင်းခံပြီးကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အတွက် လက်တုံ့ ပြန်တော်မူသည်။متفق عليه