Hadith for the World
အကီဒဟ် ယုံကြည်ချက်။

ချစ်ခင်မြတ်နိုးခြင်းနှင့် မုန်းတီးမှုထားခြင်း။

4 hadiths

4 hadiths

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှု‌ပါ။ ”رواه أبو داود والترمذي وأحمد
အဗူအိုင်ယူဗ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။متفق عليه
အဗူစိရ်မဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။رواه أبو داود والترمذي وابن ماجه وأحمد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။رواه النسائي في الكبرى وابن ماجه بمعناه وأحمد