Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

Available in 42 languages
«အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်- (၁) နေထွက်စပြုချိန်မှ နေမြင့်တက်လာချိန်အထိ၊ (၂) နေမွန်းတည့်ချိန်မှ အနောက်သို့ စတင်ယိုင်ဆင်းသည်အထိ၊ (၃) နေဝင်စပြုချိန်မှ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နေ့တွင် အောက်ပါအချိန်သုံးခု၌ နဖိလ်ဆွလားသ်ဝတ်ပြုခြင်းနှင့် သေဆုံးကွယ်လွန်သူများကို မြုပ်နှံခြင်းမပြုရန် တားမြစ်တော်မူခဲ့သည်။ ပထမအချိန်- နေထွက်စဉ် ပထမဆုံး အလင်းရောင်စတင်ပေါ်ပြီး နေဟာ လှံတစ်ဖျားစာ (အမြင့်) အထိ မြင့်တက်ချိန်အထိဖြစ်သည်။ ယင်းမှာ ခန့်မှန်းခြေ (၁၅)မိနစ်ခန့် ကြာမြင့်သည်။ ဒုတိယအချိန် – နေသည် ကောင်းကင်အလယ်သို့ ရောက်ရှိချိန်၌(နေမွန်းတည့်ချိန်) ဖြစ်သည်။ ဆိုလိုသည်မှာ အရိပ်သည် အရှေ့ သို့မဟုတ် အနောက်သို့ မညွှတ်ဘဲ အတိအကျ အလယ်၌ရှိသော အချိန်မှ နေစောင်းသွားသည့် အချိန်အထိဖြစ်သည်။ ထို့နောက် အရှေ့ဘက်မှ အရိပ်စတင်ပေါ်လာချိန်သည် နေ့လယ်ဇုဟုရ်ဆွလာသ်အချိန် စတင်ချိန်ဖြစ်သည်။ ထိုအချိန်သည် အလွန်တိုတောင်းပြီး (၁၅)မိနစ်ခန့် ဖြစ်သည်။ တတိယအချိန် – နေဝင်စပြုချိန်မှနေ၍ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality