Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 42 languages
«အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာသ်အတွင်း၌ ဒုအာဖတ်နေစဉ်ဖြစ်စေ၊ အခြားအချိန်ဖြစ်စေ မိမိတို့၏မျက်လုံးများကို မိုးကောင်းကင်သို့ မော့ကြည့်သောသူများအား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် ထိုသို့ပြုလုပ်သူများအား ပြင်းထန်စွာ ပြစ်တင်သတိပေး၍ “သူတို့၏မျက်စိအမြင်များ သိမ်းဆည်းခြင်းခံရမည်ကို ကျွန်ုပ် စိုးရိမ်မိသည်” — ဆိုလိုသည်မှာ ရုတ်တရက် ၎င်းတို့၏ မျက်စိအမြင်များ ပျောက်ကွယ်သွားပြီး ၎င်းတို့ပင် မသိလိုက်ဘဲ မျက်စိအမြင်အာရုံဆိုင်ရာ နိအ်မသ်တော်မှ ကင်းမဲ့သွားကြရလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။

Source
رواه البخاري
Download image

Saved at original quality