Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 59 languages
«အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ဆွလာသ်ဝတ်ပြုပြီး‌နောက်တွင် ( အောက်ပါအတိုင်း ဇိကိရ်များကို ) ရွတ်ဖတ်မည် - “စွဗ်ဟာနလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချို့ယွင်းချက်အပေါင်းမှ စင်ကြယ်ကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ “ အလ်ဟမ်ဒုလိလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ပြီးပြည့်စုံသော ဂုဏ်တော်များဖြင့် ချီးမွမ်းဂုဏ်တင်ခြင်းဖြစ်သည်။ “ အလ္လာဟုအက်ဗရ်" (၃၃)ကြိမ် - ဤသည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးမြတ်ဆုံးဖြစ်ကြောင်း (ဝန်ခံခြင်းဖြစ်သည်။) ထို့နောက် အကြိမ်တစ်ရာပြည့်အောင် "لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ " ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ - အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းမှလွဲ၍ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်သော အရှင်ဟူ၍မရှိချေ။ ထိုအရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိ။ ပြီးပြည့်စုံသော စိုးမိုးမှုအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ချီးမွမ်းခြင်းအားလုံးကို ခံထိုက်တော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူဖြစ်သည်။ မည်သူမဆို ဤဇိက်ရ်ကို ရွတ်ဖတ်ပါက ၎င်း၏အပြစ်များသည် ပင်လယ်ပြင်၌ လှိုင်းတံပိုးတို့၏ပုတ်ခတ်မှုကြောင့် ပေါ်ပေါက်လာသော ရေမြုပ်များကဲ့သို့ များပြားလင့်ကစား ပယ်ဖျက်ခြင်းခံရပြီး၊ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality