Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။

Available in 64 languages
«အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အစားအသောက် အသင့်ရောက်ရှိနေသောအခါ ဆွလာသ်မဆောက်တည်ရ၊ ကျင်ကြီး၊ ကျင်ငယ်ကို ချုပ်တည်း၍ ဆွလာသ်မဆောက်တည်ရ။»

Meaning translation ·

Explanation

The meaning in a few plain lines

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစားအသောက်များ အသင့်ရောက်ရှိနေပြီး ဆွလာသ်ဝတ်ပြု‌သူ၏ စိတ်သည် ထိုအစားအသောက်အပေါ် အာရုံရောက်နေသည့် အခြေအနေမျိုးတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်တော်မူသည်။ ထို့အတူ ဆီးနှင့်ဝမ်းကိုချုပ်တည်း၍ ဆွလာသ်ဝတ်ပြုခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုသို့ချုပ်တည်းနေခြင်းကြောင့် အာရုံပျံ့လွင့်မှုဖြစ်စေသည်။

Source
رواه مسلم
Download image

Saved at original quality