Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 54 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - နေထွက်သောနေ့တိုင်း ကောင်းကင် တမန်နှစ်ပါး ဆင်းသက်လာ၍ ကြွေးကြော်ကြသည်။ ၎င်းတို့အနက် တစ်ပါးက ပြောသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကောင်းမှုကုသိုလ်များ၊ မိသားစု၊ ဧည့်သည်များနှင့် အခြားလှူဒါန်းမှုများတွင် သုံးစွဲသူများအား ကောင်းမှုများကို ချီးမြှင့်တော်မူပါ၊ ၎င်း၏ လှူဒါန်းသုံးစွဲမှုတွင် ကောင်းသောအစားကို ချီးမြှင့်ပေးသနားတော်မူပါ။ ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာကို ချီးမြှင့်‌တော်မူပါ။ အခြားတစ်ပါးက ပြောသည်မှာ - အို-အလ္လာဟ်အရှင်မြတ်၊ လှူဒါန်းသုံးစွဲခြင်းမပြုဘဲ စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။ ၎င်း၏ ဥစ္စာပစ္စည်းကို ပျက်စီး‌စေတော်မူပါ။ ထိုသူသည် ထိုဥစ္စာပစ္စည်းကို ရထိုက်သူများအား ပေးကမ်းခြင်းမှ မပေးဘဲနေသောကြောင့်ဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality