ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
Available in 53 languages
«အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေး သော ) ဒိုင်းတစ်ခုပမာဖြစ်၏။ သို့ဖြစ်၍ သင်တို့အနက်တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ်စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုလည်းကောင်း၊ အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းကိုလည်းကောင်း မပြုလုပ်ကြရပေ။အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား ဆဲဆိုမ ကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။ အကြင်အရှင်မြတ်၏ ကစမ်၊ ထိုအရှင်၏ လက်တော်ဝယ် မုဟမ္မဒ်၏ အသက်ဇီဝိန် ရှိသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ ပါးစပ်(မှထွက်သော)အနံ့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကတိုးနံ့ထက် ပို၍မွှေးကြိုင်လှပေသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန် ဝမ်းမြောက်ပျော်ရွှင်၍၊ အခြားတစ်ခုမှာ သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။»Meaning translation ·
Saved at original quality








