Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

Available in 53 languages
«အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီ‌နောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင် (မွတ်စ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါတိုင်း စလာမ်ဆိုရန် နှိုးဆော်တိုက်တွန်းထားသည်။ နှစ်ဦးသား အတူတကွ လမ်းလျှောက်နေစဉ် ၎င်းတို့နှစ်ဦးကြားတွင် ခြားနားစေသော သစ်ပင်၊ နံရံ၊ ကျောက်တုံးကဲ့သို့သော အရာဝတ္ထုတစ်ခုခု ပေါ်လာပြီး (ယင်းကြောင့် ခေတ္တကွဲကွာသွားပြီးနောက် ) ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ထပ်မံ၍ စလာမ်ဆိုရမည်။

Source
رواه أبو داود
Download image

Saved at original quality