Hadith for the World
အစ္စလာမ့် အာဒါဗ်စည်းကမ်းများ။

စလာမ်ပေးခြင်းနှင့် ခွင့်တောင်းခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။

9 hadiths

9 hadiths

عن أنس بن مالك رضي الله عنه أَنَّ النَبيَّ -صلَّى الله عليه وسلَّم- كَان إِذَا تَكَلَّمَ بِكَلِمَةٍ أَعَادَهَا ثَلاَثًا حَتَّى تُفْهَمَ عَنْهُ، وَإِذَا أَتَى عَلَى قَوْمٍ فَسَلَّمَ عَلَيهِم سَلَّمَ عَلَيهِم ثَلاَثًا.رواه البخاري
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီ‌နောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။رواه أبو داود
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အစီးအနင်းစီးထားသူက လမ်းလျှောက်နေသူကို၊ လမ်းလျှောက်နေသူက ထိုင်နေသူကို၊ လူနည်းစုက လူအများစုကို စလာမ်နှုတ်ခွန်းဆက်ရမည်။ ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ - ငယ်သူက ကြီးသူကို၊ ဖြတ်သန်းသွားသူက ထိုင်နေသူကို လူအနည်းစုက လူအများစုကို စလာမ်နှုတ်ခွန်းဆက်ရမည်။متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: "لِيُسَلِّمِ الصغيرُ على الكبيرِ، والمارُّ على القاعدِ، والقليلُ على الكثيرِ" وفي رواية: "والراكبُ على الماشي".متفق عليه
အဗူအိုင်ယူဗ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။متفق عليه
عن أنسٍ رضي الله عنه : أنّهُ مَرَّ على صِبْيَانِ، فَسَلَّمَ عليهم، وقالَ: كانَ النبيُّ صلى الله عليه وسلم يَفعلُهُ.متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။متفق عليه
كُنْتُ فِي مَجْلِسٍ مِنْ مَجَالِسِ الأَنْصَارِ، إِذْ جَاءَ أَبُو مُوسَى كَأَنَّهُ مَذْعُورٌ، فَقَالَ: اسْتَأْذَنْتُ عَلَى عُمَرَ ثَلاَثًا، فَلَمْ يُؤْذَنْ لِي فَرَجَعْتُ، فَقَالَ: مَا مَنَعَكَ؟ قُلْتُ: اسْتَأْذَنْتُ ثَلاَثًا فَلَمْ يُؤْذَنْ لِي فَرَجَعْتُ، وَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: @«إِذَا اسْتَأْذَنَ أَحَدُكُمْ ثَلاَثًا فَلَمْ يُؤْذَنْ لَهُ فَلْيَرْجِعْ»* فَقَالَ: وَاللَّهِ لَتُقِيمَنَّ عَلَيْهِ بِبَيِّنَةٍ، أَمِنْكُمْ أَحَدٌ سَمِعَهُ مِنَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ؟ فَقَالَ أُبَيُّ بْنُ كَعْبٍ: وَاللَّهِ لاَ يَقُومُ مَعَكَ إِلَّا أَصْغَرُ القَوْمِ، فَكُنْتُ أَصْغَرَ القَوْمِ فَقُمْتُ مَعَهُ، فَأَخْبَرْتُ عُمَرَ أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ ذَلِكَ.متفق عليه