Hadith for the World
အစ္စလာမ့် အာဒါဗ်စည်းကမ်းများ။

آداب اللباس

8 hadiths

8 hadiths

ရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ခဲ့သည်။ ၎င်းတို့သည် ဟုဇိုင်ဖဟ်(ရဿွိရလ္လာဟုအန်ဟု)ထံတွင် ရှိနေကြသည်။ ၎င်းက ရေသောက်ရန်‌တောင်းသဖြင့် မဂျူစီတစ်ဦးက သူ့အား ရေယူလာပေးသည်။ ထိုသူက ရေခွက်ကို သူ၏လက်ထဲသို့ ပေးလိုက်သည့်အခါ ဟုဇိုင်ဖဟ်က ခွက်ကို ထိုသူ့ဘက်သို့ ပစ်ချလိုက်ပြီး ပြောကြားသည်မှာ- အကယ်၍ ကျွန်ုပ်သည် သူ့အား တစ်ကြိမ် နှစ်ကြိမ်မက တားမြစ်ခဲ့ပြီးဖြစ်သည်။ (ထိုသို့မတားမြစ်ခဲ့ပါက ကျွန်ုပ် ဤကဲ့သို့ ပြုလုပ်မည်မဟုတ်ပါဟု ပြောကြားလိုက်ခြင်းဖြစ်သည်။) သို့သော် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အသင်တို့သည် ပိုးထည်၊ ချိတ်ပိုးထည်ကို မဝတ်ဆင်ကြနှင့်။ ရွှေခွက်များ၊ ငွေခွက်များဖြင့် မသောက်သုံးကြနှင့်။ ၎င်းတို့နှင့်ပြုလုပ်ထားသည့် ပန်းကန်များဖြင့် မစားကြနှင့်။ ထိုအရာများသည် လောက၌ ၎င်း(မယုံကြည်သူ)တို့ အတွက်ဖြစ်ပြီး နောင်တမလွန်၌ ကျွန်ုပ်တို့အတွက်ဖြစ်သည်။متفق عليه
အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ဤလောကီဘဝတွင် ပိုးထည်ကို ဝတ်ဆင်ခဲ့လျှင် နောင်တမလွန်ဘဝတွင် ယင်း( ပိုးထည်)ကို ဝတ်ဆင်ခွင့်ရမည် မဟုတ်ပေ။متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «إِذَا لَبِسْتُم، وَإِذَا تَوَضَّأتُم، فَابْدَأُوا بَأَيَامِنُكُم».رواه أبو داود واللفظ له، والترمذي وابن ماجه وأحمد
عن علي بن أبي طالب رضي الله عنه مرفوعاً: «إذا انْتَعَل أحدكم فليبدأ باليمين، وإذا نَزَعَ فليبدأ بالشمال، ولْتَكُن اليُمنى أولَهُما تُنْعَل، وآخِرَهُما تُنْزَع».متفق عليه
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် မိမိ၏အဝတ်ကို မာန်မာနထောင်လွှားပြီး တရွတ်ဆွဲ၍ (လမ်းလျှောက်) ခဲ့လျှင်အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «بينما رجل يمشي في حُلَّةٍ تُعْجِبُهُ نَفْسُهُ، مُرَجِّلٌ رأسه، يَخْتَالُ في مَشْيَتهِ، إذ خَسَفَ اللهُ به، فهو يَتَجَلْجَلُ في الأرض إلى يوم القيامة".متفق عليه
အဗူစာအီဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ "အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ။ ထို့ပြင် အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ။"رواه مسلم
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆို‌သော် ၎င်းသည် အသင်တို့၏ အကောင်းဆုံးအ ဝတ်များထဲမှတစ်ခုဖြစ်၏။ ထို့ပြင် သင်တို့၏ ကွယ်လွန်သေဆုံးသူများကို ၎င်းအဖြူရောင်အဝတ်ဖြင့် ကဖန်ထုပ်ကြလော့။رواه أبو داود والترمذي وابن ماجه