Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဇုဗိုင်ရ် ဗင်န် အောဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ -

Available in 41 languages
«ဇုဗိုင်ရ် ဗင်န် အောဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိ၏ကြိုးကိုယူ၍ ( ထင်းခွေပြီး ) ထင်းစည်းကို ကျောကုန်းပေါ်ထမ်းကာ လိုက်လံရောင်းချပြီး၊ ယင်းအားဖြင့် သူ၏သိက္ခာကို အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်း ပေးလိုက်ခြင်းသည် ၎င်းအဖို့ လူတို့ထံမှ တောင်းရမ်းခြင်းထက် သာပို၍ ကောင်းသည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတစ်ဦးသည် မည်သည့်အလုပ်မျိုးကိုမဆို လုပ်ကိုင်ရန်၊ ဥပမာ—သူသည် ကြိုးတစ်ချောင်းကိုယူ၍ ထင်းများကို စုစည်းကာ မိမိ၏ကျောပေါ်၌ ထမ်းပြီး လိုက်လံရောင်းချကာ (ရလာသည့် ငွေကြေးဖြင့် ) စားသောက်ခြင်း၊ သို့မဟုတ် ဆင်းရဲသားများကို လှူဒါန်းခြင်း၊ ၎င်းအားဖြင့် လူတို့ထံမှ လုံးဝလွတ်ကင်းစွာ ရပ်တည်နိုင်ခြင်းနှင့် လူတို့ထံ တောင်းရမ်းမှုကြောင့် အရှက်သိက္ခာကျရခြင်းအကျိုးမှ ကာကွယ်ခြင်းသည် လူတို့ထံ တောင်းရမ်းရသည်ထက် သာလွန်မြင့်မြတ်သည်ဟု ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် လူတို့ထံ တောင်းရမ်းခြင်းသည် သိက္ခာမဲ့စေပြီး၊ မုအ်မင်န် (သက်ဝင်ယုံကြည်သူ) သည် ဂုဏ်သိက္ခာရှိသူဖြစ်ပြီး သိက္ခာမဲ့သူ မဟုတ်ပေ။

Source
رواه البخاري
Download image

Saved at original quality