Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အမရ်ဗင်န် ရှိုအိုက်ဗ်က သူ၏ဖခင်မှတစ်ဆင့် သူ၏ဖခင်က သူ၏အဖိုးထံမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 60 languages
«အမရ်ဗင်န် ရှိုအိုက်ဗ်က သူ၏ဖခင်မှတစ်ဆင့် သူ၏ဖခင်က သူ၏အဖိုးထံမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ် ရောက်သောအခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးကြပါ။ ၎င်းတို့ အသက်ဆယ်နှစ်ရောက်သောအခါ (ဆွလာသ်ဝတ်မပြုလျှင်) ရိုက်ကြပါ။ ၎င်းတို့ကြား၌ အိပ်ရာများ ခွဲလိုက်ကြပါ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် ဖခင်သည် သားသမီးများ အသက်ခုနှစ်နှစ် အရွယ်သို့ ရောက်သည့်အခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်ဖြစ်ပြီး ဆွလာသ်ဆောက်တည်ရန် လိုအပ်သည့် အရာများအားသင်ကြားပေးရမည်။ ၎င်းတို့ အသက်ဆယ်နှစ်အရွယ်သို့ ရောက်လာသောအခါ အမိန့်ပေးရုံ သက်သက်မဟုတ်ဘဲ ဆွလာသ်ကိုပေါ့ဆပါက ရိုက်၍ဆုံးမရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကြားတွင် အိပ်ရာများခွဲသိပ်ရမည်ဖြစ်သည်။

Source
رواه أبو داود
Download image

Saved at original quality