Hadith for the World
ဆွလာသ်။

ဆွလာသ်ဖရ်ဿ်ွဖြစ်ခြင်းနှင့် ဆွလာသ်စွန့်လွှတ်သူ၏အမိန့်။

5 hadiths

5 hadiths

အမရ်ဗင်န် ရှိုအိုက်ဗ်က သူ၏ဖခင်မှတစ်ဆင့် သူ၏ဖခင်က သူ၏အဖိုးထံမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ် ရောက်သောအခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးကြပါ။ ၎င်းတို့ အသက်ဆယ်နှစ်ရောက်သောအခါ (ဆွလာသ်ဝတ်မပြုလျှင်) ရိုက်ကြပါ။ ၎င်းတို့ကြား၌ အိပ်ရာများ ခွဲလိုက်ကြပါ။رواه أبو داود
ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။رواه البخاري
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။متفق عليه
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။ (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄)متفق عليه
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။رواه مسلم