Hadith for the World
ဆွလာသ်။

အဇာန်နှင့် အိကာမသ်။

6 hadiths

6 hadiths

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။متفق عليه
စအ်ဒ်ဗင်န်အဗီဝက္ကာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا ကို ရွတ်ဆိုခဲ့ပါက အလ္လာဟ်ရှင်မြတ်သည် သူ၏အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်ဖြစ်သည်။ ဒုအာ၏အဓိပ္ပာယ်မှာ - တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ တမန်တော်မုဟမ္မဒ်ကို ရစူလ်တမန်တော်အဖြစ်၊ အစ္စလာမ်သာသနာ တော်ကို ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။رواه مسلم
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إِذَا نُودِيَ بالصَّلاَةِ، أدْبَرَ الشَّيْطَانُ، وَلَهُ ضُرَاطٌ حَتَّى لاَ يَسْمَعَ التَّأذِينَ، فَإذَا قُضِيَ النِّدَاءُ أقْبَلَ، حَتَّى إِذَا ثُوِّبَ للصَّلاةِ أدْبَرَ، حَتَّى إِذَا قُضِيَ التَّثْوِيبُ أقْبَلَ، حَتَّى يَخْطِرَ بَيْنَ المَرْءِ وَنَفْسِهِ، يَقُولُ: اذْكُرْ كَذَا واذكر كَذَا - لِمَا لَمْ يَذْكُر مِنْ قَبْلُ - حَتَّى يَظَلَّ الرَّجُلُ مَا يَدْرِي كَمْ صَلَّى».متفق عليه
မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "မုအဇ္ဖင်န် (အဇာန်ပေးသူ) များသည် ကိယာမသ်နေ့၌ လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။"رواه مسلم
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။رواه البخاري
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။رواه مسلم