Hadith for the World
ဆွလာသ်။

ဆွလာသ်၏ ထွတ်မြတ်မှု။

10 hadiths

10 hadiths

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။رواه مسلم
မအ်ဒါးန် ဗင်န် အဗူသွလ်ဟဟ် ယအ်မရီ က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သူကောင်းပြုထားသော ကျွန် စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး ဤသို့ ပြောဆိုလျှောက်ထားခဲ့သည်- အမလ်ကျင့်စဥ်တစ်ခုကို ကျွန်ုပ်အား ပြောပြပါ။ ယင်းအမလ်ကို ကျွန်ုပ်ကျင့်ကြံခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စံမြန်းစေတော်မူမည်။ သို့မဟုတ် ဆင့်ပြန်သူက ပြောပြသည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးသော အမလ်ကျင့်စဥ်ကို ကျွန်ုပ်အားပြောပြပါ။ထိုအခါ ၎င်း (စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု)) က ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်က ထပ်မံမေးမြန်းပြန်သော် ၎င်းသည် ထပ်မံ၍ ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်သည် တတိယအကြိမ် မေးမြန်းပြန်သော်အခါ ၎င်းက ဤသို့ပြောဆိုသည်။ ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူခဲ့သည်- “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း။” မအ်ဒါးန်က ဆက်လက်ပြောကြားသည်- ထို့နောက် ကျွန်ုပ်သည် အဘူဒဒ်ရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး သူ့အား (ထိုနည်းတူ)မေးမြန်းခဲ့ရာ ၎င်းသည်ကျွန်ုပ်အား စောင်ဝ်ဗါးန် (ရဿွိယလ္လာဟုအန်ဟု) ကကျွန်ုပ်အား ပြောခဲ့သည့်အတိုင်းပင် ပြောပြခဲ့သည်။رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အကယ်၍ အသင်တို့အနက်တစ်ဦးတစ်ယောက်၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ၎င်းသည် ထိုမြစ်ထဲ၌ နေ့စဉ်ငါးကြိမ် ရေဆင်းချိုးပါက သင်တို့မည်သို့ ထင်မြင်ပါသနည်း။ ထိုရေချိုးခြင်းက ၎င်းထံတွင် အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေမည်လော။ သာဝကကြီးများက ၎င်း၌ အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေလိမ့်မည် မဟုတ်ပါဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဆွလာသ်ငါးကြိမ်သည်လည်း ထိုပမာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကို အကြောင်းခံ၍ အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးတော်မူသည်။متفق عليه
ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် အလ်ကတ်စ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်၌ရှိသည့် တစ်စုံတစ်ရာအား အပြစ်ကျူးလွန်ခဲ့သည့်အတွက် အသင်တို့အား အရှင်မြတ်က ရှာဖွေအရေးယူရခြင်းမျိုး မဖြစ်ကြစေနှင့်။ အကယ်၍ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရှင်မြတ်သည် ၎င်းအားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး ၎င်းအား မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။رواه مسلم
အဗူဇုဟိုင်းရ် အုမာရဟ် ဗင်န် ရုအိုင်ဘဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။رواه مسلم
အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။"رواه مسلم
အဗူမာလိက် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။رواه مسلم
عن ربيعة بن كعب الأسلمي قال: كنتُ أبيتُ مع رسول الله صلى الله عليه وسلم فأتيتُه بوَضوئه وحاجته فقال لي: «سل» فقلت: أسألك مرافقتك في الجنة. قال: «أو غير ذلك؟» قلت: هو ذاك. قال: «فأعني على نفسك بكثرة السجود».رواه مسلم
عن عائشة عن النبي صلى الله عليه وسلم قال: «ما من ميت تصلي عليه أُمَّةٌ من المسلمين يبلغون مائة، كلهم يشفعون له، إلا شفعوا فيه».رواه مسلم