Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

Available in 60 languages
«အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်မှာ- မည်သည့် မွတ်စ်လင်မ်မဆို ဖရ်ဿ်ွဆွလာသ်အချိန် ကျရောက်လာသည့်အခါ ဝူဿွူကို ကောင်းမွန်ပြည့်စုံစွာ ပြုလုပ်ပြီးနောက်၊ ကျိုးနွံနှိမ့်ချမှုအပြည့်ဖြင့် ဆွလာသ်ဝတ်ပြုမည်။ သူ၏စိတ်နှလုံးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးကို အလ္လာဟ်အရှင်မြတ်၏ဘက်သို့ အာရုံပြုထားပြီး သူ၏စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို စွဲမြဲစွာ ထားရှိကာ ရူကူအ်၊ စဂျ်ဒဟ်စသည့် ဆွလာသ်၏ကဏ္ဍများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်မည်ဆိုလျှင် ယင်းဆွလာသ်သည် ယခင်က ကျူးလွန်မိခဲ့သော သေးငယ်သည့်အပြစ်များကို ပလပ်စေမည့် အရာဖြစ်လာမည်။ ဤသည် ကြီးလေးသောအပြစ်များကို မကျူးလွန်သ၍ ဖြစ်သည်။ ဤအကျိုးကျေးဇူးသည် အချိန်ကာလတိုင်း၌ တည်ရှိပြီးနှင့် ဆွလာသ်တိုင်းအတွက် ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality