ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။
ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် အလ်ကတ်စ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
Available in 70 languages
«ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် အလ်ကတ်စ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်၌ရှိသည့် တစ်စုံတစ်ရာအား အပြစ်ကျူးလွန်ခဲ့သည့်အတွက် အသင်တို့အား အရှင်မြတ်က ရှာဖွေအရေးယူရခြင်းမျိုး မဖြစ်ကြစေနှင့်။ အကယ်၍ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရှင်မြတ်သည် ၎င်းအားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး ၎င်းအား မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။»Meaning translation ·
Saved at original quality








