Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

Available in 47 languages
«အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား လောကီရေးရာကိစ္စရပ်များဖြစ်သည့် ရာထူး၊ စည်းစိမ်ဥစ္စာ၊ အဆင့်အတန်း စသည်တို့တွင် မိမိထက်နိမ့်ကျသူများကိုသာ ကြည့်ရှုရန် အမိန့်ပေးထားပြီး မိမိ၏ လောကီရေးရာကိစ္စရပ်များတွင် မိမိထက် အဆင့် အတန်းမြင့်သူများ၊ သာလွန်သူများကို မကြည့်ရှုရန် ညွှန်ကြားတော်မူခဲ့သည်။ အကြောင်းမှာ မိမိထက် နိမ့်ကျသူကိုကြည့်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်တော်များကို အထင်မသေးမိစေရန်၊ မရှုံ့ချမိစေရန် ပို၍ထိုက်တန်သောကြောင့်ဖြစ်ပါသည်။

Source
متفق عليه
Download image

Saved at original quality