Hadith for the World
နှလုံးသားကို နူးညံ့စေသော ဆုံးမဩဝါဒများ။

စိတ်နှလုံးသားများကို ပြုပြင်ခြင်း။

9 hadiths

9 hadiths

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။"رواه الترمذي وأحمد
စူဟိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ဤသည် သူ့အဖို့အကောင်းဖြစ်ပေသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံလေသည်။ ဤသည်လည်း သူ့အဖို့အကောင်းပင်ဖြစ်သည်။رواه مسلم
عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ: أَخَذَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِمَنْكِبِي، فَقَالَ: «كُنْ فِي الدُّنْيَا كَأَنَّكَ غَرِيبٌ أَوْ عَابِرُ سَبِيلٍ»، وَكَانَ ابْنُ عُمَرَ، يَقُولُ: إِذَا أَمْسَيْتَ فَلاَ تَنْتَظِرِ الصَّبَاحَ، وَإِذَا أَصْبَحْتَ فَلاَ تَنْتَظِرِ المَسَاءَ، وَخُذْ مِنْ صِحَّتِكَ لِمَرَضِكَ، وَمِنْ حَيَاتِكَ لِمَوْتِكَ.رواه البخاري
عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَا تَحَاسَدُوا، وَلَا تَنَاجَشُوا، وَلَا تَبَاغَضُوا، وَلَا تَدَابَرُوا، وَلَا يَبِعْ بَعْضُكُمْ عَلَى بَيْعِ بَعْضٍ، وَكُونُوا عِبَادَ اللهِ إِخْوَانًا الْمُسْلِمُ أَخُو الْمُسْلِمِ، لَا يَظْلِمُهُ وَلَا يَخْذُلُهُ، وَلَا يَحْقِرُهُ التَّقْوَى هَاهُنَا» وَيُشِيرُ إِلَى صَدْرِهِ ثَلَاثَ مَرَّاتٍ «بِحَسْبِ امْرِئٍ مِنَ الشَّرِّ أَنْ يَحْقِرَ أَخَاهُ الْمُسْلِمَ، كُلُّ الْمُسْلِمِ عَلَى الْمُسْلِمِ حَرَامٌ، دَمُهُ، وَمَالُهُ، وَعِرْضُهُ».رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”متفق عليه
အစ်ဗ်နု အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ) ကျန်းမာခြင်းနှင့် အားလပ်ချိန် ဖြစ်သည်။"رواه البخاري
အဗူမာလိက် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။رواه مسلم
စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် အတ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။رواه مسلم وأحمد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်။ (၁) တရားမျှတစွာ အုပ်ချုပ်သော ခေါင်းဆောင်၊ (၂) အလ္လာဟ်အရှင်မြတ်အား အေဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၌ ကြီးပြင်းလာသော လူငယ်၊ (၃) ဗလီဝတ်ကျောင်းတော်များ၌ စိတ်နှလုံးငြိကပ်နေသူ၊ (၄) အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း ချစ်ခင်ကြသူနှစ်ဦး၊ ၎င်းတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အတွက် ဆုံစည်းကြပြီး၊ အလ္လာဟ်အရှင်မြတ်အတွက်ထိုပင် ခွဲခွာကြသည်။ (၅) ချောမောလှပပြီး အဆင့်အတန်းဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦးက ( ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ‘ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်’ဟု ငြင်းဆိုလိုက်သူ၊ (၆) ညာလက်ကလှူဒါန်းသည်ကို ဘယ်လက်ပင်မသိအောင် လျှို့ဝှက်စွာလှူဒါန်းသူ၊ (၇)တစ်ယောက် တည်းဆိတ်ကွယ် ရာ၌ အလ္လာဟ်အရှင်မြတ်အား အောက် မေ့သတိရတသသောအခါ မျက်စိနှစ်ဖက်မှ မျက်ရည် ယိုစီးကျလာသူ ဖြစ်သည်”။متفق عليه