Hadith for the World
နှလုံးသားကို နူးညံ့စေသော ဆုံးမဩဝါဒများ။

စိတ်နှလုံးသား၏ အမလ်ကျင့်ဆောင်မှုများ။

14 hadiths

14 hadiths

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း" ဟု မေးမြန်းတော်မူခဲ့သည်။ ထိုသူက "ကျွန်တော်မျိုးသည် ယင်းအတွက် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်အား ချစ်မြတ်နိုးခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ပြင်ဆင်ထားခြင်းမရှိပါ''ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ 'သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်' ဟူသော မိန့်ကြားချက်ထက် ပို၍ ဝမ်းမြောက်ဖွယ်ရာ အခြားအရာကို မကြားခဲ့ဖူးပါ" ဟု ဆိုခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးပါ သည်။ ကျွန်ုပ်သည် ထိုသူတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်တူညီသော အမလ်များကို မပြုလုပ်နိုင်စေကာမူ၊ သူတို့အား ချစ်မြတ်နိုးခြင်းကြောင့် ကျွန်ုပ်သည် သူတို့နှင့်အတူ (ဂျန္နသ်တွင်) ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်''ဟု ပြောကြားခဲ့သည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။رواه مسلم
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။"رواه مسلم
عَنِ النَّوَّاسِ بْنِ سِمْعَانَ الْأَنْصَارِيِّ رضي الله عنه قَالَ: سَأَلْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الْبِرِّ وَالْإِثْمِ، فَقَالَ: «الْبِرُّ حُسْنُ الْخُلُقِ، وَالْإِثْمُ مَا حَاكَ فِي صَدْرِكَ، وَكَرِهْتَ أَنْ يَطَّلِعَ عَلَيْهِ النَّاسُ».رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။رواه مسلم
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်အပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။ ဗုခါရီ၏ စာသားတွင်« ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။»متفق عليه
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သော‌ကြောင့်ဖြစ်သည်။"رواه مسلم
အိယာဿ်ွ ဗင်န် ဟိမာရ်ဗနီမုဂျာရှီအီ (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည် တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ - ထို့နောက် ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့ရာတွင် ဤသို့ပါရှိသည်- “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။"رواه مسلم
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။متفق عليه
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «النَّاسُ مَعَادِن كَمَعَادِن الذَّهَب وَالفِضَّة، خِيَارُهُم فِي الجَاهِلِيَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقُهُوا، والأَرْوَاحُ جُنُودٌ مُجَنَّدَة، فَمَا تَعَارَفَ مِنْهَا ائتَلَفَ، وَمَا تَنَاكَرَ مِنْهَا اخْتَلَفَ». وعن أبي هريرة رضي الله عنه قال: قال رسول الله -صلى الله عليه وسلم: «تَجِدُون النَّاسَ مَعَادِن: خِيَارُهُم فِي الجَاهِليَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقِهُوا، وَتَجِدُون خِيَار النَّاس فِي هَذَا الشَّأْن أَشَدُّهُم كَرَاهِيَة لَه، وَتَجِدُون شَرَّ النَّاس ذَا الوَجْهَين، الَّذِي يَأْتِي هَؤُلاَء بِوَجه، وَهَؤُلاَء بِوَجْه».الحديث الأول: متفق عليه، ولفظه لمسلم؛ وروى البخاري أوله، وروى آخره عن عائشة -رضي الله عنها-. الحديث الثاني: متفق عليه
အဗ်ဒုလ္လာဟ် ဗင်န် အိုကိုင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။သိရ်မိဇီကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။
عن ابن عباس حسبنا الله ونعم الوكيل: «قالها إبراهيم عليه السلام حين أُلقي في النار، وقالها محمد صلى الله عليه وسلم حين قالوا: {إن الناس قد جمعوا لكم فاخشوهم فزادهم إيمانا، وقالوا: حسبنا الله ونعم الوكيل} [آل عمران: 173]».رواه البخاري
عن جابر قال: قال رسول الله صلى الله عليه وسلم: «إذا قضى أحدكم الصلاة في مسجده فليجعل لبيته نصيبًا من صلاته، فإن الله جاعلٌ في بيته من صلاته خيرًا».رواه مسلم
မုအ်မင်န်တို့၏ မိခင်ကြီး အွမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံမှ ဆင့်ပြန်လာရှိသည်။ သူမက‌ ပြောပြခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း- {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အကယ်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်ကြပြီး ဧကန်အမှန် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပါသည်။) (စူရဟ် အလ်ဘကရဟ်၊ ၂:၁၅၆) ဟုရွတ်ဆိုကာ، ‘အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ဤဘေးဒုက္ခတွင် အကျိုးဆုလာဘ် ပေးသနားတော်မူပါ။ ၎င်းဘေးအစား ကျွန်တော်မျိုးအား ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးသနားတော်မူပါ’”ဟု တောင်းဆုဒုအာပြုလျှင်، ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးတော်မူသည်။” အွမ္မုစလမဟ်သခင်မက ပြောပြခဲ့သည်။ “အဘူစလမဟ် (သခင်မ၏ ခင်ပွန်းဖြစ်သူ) ကွယ်လွန်သောအခါ ကျွန်မက ‘အဘူစလမဟ်ထက် ကောင်း သော မွတ်စ်လင်မ်တစ်ဦးမျှ မရှိပါ။ သူသည် အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ဟိဂျ်ရသ်ရွှေ့ ပြောင်းခဲ့သော ပထမဆုံးအိမ်(မိသားစု)ဖြစ် သည်’ဟု ကျွန်မပြောဆိုခဲ့ပါသည်။ ထို့နောက် ကျွန်မ ထိုဒုအာကိုရွတ်ဖတ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်က ကျွန်မအတွက် အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို အစားထိုးပေးတော်မူလေသည်”။رواه مسلم