အကီဒဟ် ယုံကြည်ချက်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
Available in 55 languages
«အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း" ဟု မေးမြန်းတော်မူခဲ့သည်။ ထိုသူက "ကျွန်တော်မျိုးသည် ယင်းအတွက် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်အား ချစ်မြတ်နိုးခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ပြင်ဆင်ထားခြင်းမရှိပါ''ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ 'သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်' ဟူသော မိန့်ကြားချက်ထက် ပို၍ ဝမ်းမြောက်ဖွယ်ရာ အခြားအရာကို မကြားခဲ့ဖူးပါ" ဟု ဆိုခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးပါ
သည်။ ကျွန်ုပ်သည် ထိုသူတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်တူညီသော အမလ်များကို မပြုလုပ်နိုင်စေကာမူ၊ သူတို့အား ချစ်မြတ်နိုးခြင်းကြောင့် ကျွန်ုပ်သည် သူတို့နှင့်အတူ (ဂျန္နသ်တွင်) ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်''ဟု ပြောကြားခဲ့သည်။»Meaning translation ·
Saved at original quality








