Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် အတ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။

Available in 65 languages
«စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် အတ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။»

Meaning translation ·

Explanation

The meaning in a few plain lines

သာဝကာကြီး စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အစ္စလာမ်ဘာသာ၏ အဓိပ္ပါယ်များအားလုံး ခြုံငုံပါဝင်သည့် စကားတစ်ရပ်ကိုသင်ကြားပေးရန် လျှောက်ထားခဲ့သည်။ သူသည် ထိုစကားအား စွဲမြဲစွာ နာယူကျင့်သုံးသွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အခြားမည်သူကိုမျှ မေးမြန်းတော့မည် မဟုတ်ပါ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ- သင်အနေဖြင့် အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်၏ ကိုးကွယ်ရာအရှင်၊ ကျွန်ုပ်အား ဖန်ဆင်းတော်မူသောအရှင်၊ ဖက်စပ်ယှဉ်တွဲသူမရှိဘဲ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော ကျွန်ုပ်၏အရှင်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်ဝင်ယုံကြည်ပါသည်ဟု ဝန်ခံပြောကြားပါ။ ထို့နောက် အရှင်မြတ်သတ်မှတ်ထားသည့် ဖရ်ဿ်ွ မလုပ်မနေရ တာဝန်များကိုကျေပွန်ပြီး အရှင်မြတ် တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ကာ ထိုအပေါ်စွဲမြဲစွာရပ်တည်ပါ။

Source
رواه مسلم وأحمد
Download image

Saved at original quality