Hadith for the World
အကီဒဟ် ယုံကြည်ချက်။

အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

44 hadiths

44 hadiths

အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုသို့ကျိန်ဆိုခြင်းအား တားမြစ်လိုက်သည်ကို ကျွန်ုပ်ကြားလိုက်သည့်အချိန်မှစ၍ သိလျက်နှင့်ဖြစ်စေ၊ အခြားသူ၏ ကျိန်ဆိုမှုကို တစ်ဆင့်တင်ပြသည့် အနေဖြင့်ဖြစ်စေ၊ ကျွန်ုပ်သည် ဘိုးဘွားများနှင့်ကျိန်ဆိုခြင်း မပြုတော့ပါ။متفق عليه
عن أبي واقد الحارث بن عوف رضي الله عنه أنَّ رسول الله صلى الله عليه وسلم بينما هو جالس في المسجد، والناس معه، إذ أقبل ثلاثَةُ نَفَرٍ، فأقبل اثنان إلى رسول الله، صلى الله عليه وسلم وذهب واحد، فوقفا على رسول الله صلى الله عليه وسلم ، فأما أحدهما فرأى فُرْجَةً في الْحَلْقَةِ فجلس فيها، وأما الآخر فجلس خلفهم، وأما الثالث فأدْبَر ذاهبٍا، فلما فرغ رسول الله صلى الله عليه وسلم قال: «ألا أُخْبِرُكُم عن النَّفَرِ الثلاثة: أما أحدهم فأَوَى إلى الله فآوَاهُ الله إليه، وأما الآخر فاسْتَحْيا فاسْتَحْيَا الله منه، وأما الآخر، فأعْرَضَ، فأعرضَ اللهُ عنه».متفق عليه
عن أنس بن مالك رضي الله عنه أنَّ رَجُلاً كَانَ عِند النَبِيَّ صلى الله عليه وسلم فَمَرَّ رَجُلٌ بِهِ، فقال: يا رسول الله، أنِّي لَأُحِبُّ هَذَا، فَقَال لَهُ النَبِيُّ صلى الله عليه وسلم : «أَأَعْلَمْتَهُ؟» قال: لا. قال: «أَعْلِمْهُ»، فَلَحِقَهُ، فقال: إِنِّي أُحِبُّك فِي الله، فقال: أّحَبَّك الَّذِي أَحْبَبْتَنِي لَهُ.رواه أبو داود والنسائي في الكبرى وأحمد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။متفق عليه
အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။رواه البخاري
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။رواه البخاري
အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"متفق عليه
عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «من أصابته فَاقَة فأنْزَلها بالناس لم تُسَدَّ فَاقَتُهُ، ومن أنْزَلها بالله، فَيُوشِكُ الله له بِرزق عاجل أو آجل».رواه أبو داود والترمذي وأحمد
အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတမန်တော်၏ အွမ္မသ်ကို ( မရည်ရွယ်ပဲမှားသော ) အမှား၊ မေ့လျော့မှုနှင့် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်းခံခဲ့ရသည့် အရာများမှခွင့်လွှတ်ချမ်းသာ ပေးတာ်မူခဲ့လေ၏။رواه ابن ماجه والبيهقي وغيرهما
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «جَعَلَ اللهُ الرحمةَ مائة جُزْءٍ، فَأَمْسَكَ عِنْدَهُ تِسْعَةً وَتِسْعِينَ، وأَنْزَلَ في الأَرْضِ جُزْءًا وَاحِدًا، فَمِنْ ذَلِكَ الجُزْءِ يَتَرَاحَمُ الخَلَائِقُ، حتى تَرْفَعَ الدَّابَّةُ حَافِرَهَا عَنْ وَلَدِهَا خَشْيَةَ أَنْ تُصِيبَهُ». وفي رواية «إِنَّ للهِ تعالى مئةُ رحمةٍ، أَنْزَلَ منها رحمةً واحدةً بَيْنَ الجِنِّ والإنسِ والبَهَائِمِ والهَوَامِّ، فَبِهَا يَتَعَاطَفُونَ، وبها يَتَرَاحَمُونَ، وبِهَا تَعْطِفُ الوَحْشُ على وَلَدِهَا، وأَخَّرَ اللهُ تعالى تِسْعًا وتِسْعِينَ رحمةً يَرْحَمُ بِهَا عِبَادَهُ يومَ القِيَامَةِ». وعن سلمان الفارسي رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إِنَّ للهِ تعالى مئةُ رحمةٍ فمنها رحمةٌ يَتَرَاحَمُ بها الخَلْقُ بَيْنَهُمْ، وتِسْعٌ وتِسْعُونَ لِيَومِ القِيَامَةِ». وفي رواية: «إِنَّ اللهَ تَعَالَى خَلَقَ يَوْمَ خَلَقَ السَّمَاوَاتِ والأَرْضَ مئةَ رحمةٍ كُلُّ رحمةٍ طِبَاقَ مَا بَيْنَ السَّمَاءِ إلى الأَرْضِ، فَجَعَلَ منها في الأَرْضِ رَحْمَةً فبها تَعْطِفُ الوَالِدَةُ على وَلَدِهَا، والوَحْشُ والطَّيْرُ بَعْضُهَا عَلَى بَعْضٍ، فإذا كانَ يومُ القيامةِ أَكْمَلَهَا بِهَذِه الرحمةِ».حديث أبي هريرة -رضي الله عنه-: متفق عليه. حديث سلمان -رضي الله عنه-: رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။رواه مسلم
အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အရှင်မြတ်က မိန့်ကြားတော်မူသည် « အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်လမ်းမှန်တရားချီးမြှင့်သူမှအပ အသင်တို့အားလုံးသည် လမ်းမှားနေကြသူများဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ် ကျွေးမွေးသူမှလွဲ၍ အသင်တို့အားလုံးသည် ငတ်မွတ်နေသူများပင်ဖြစ်သည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် စားနပ်ရိက္ခာ တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား စားနပ်ရိက္ခာ ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်ဝတ်ဆင်ပေးသူမှအပ အသင်တို့အားလုံးသည် အဝတ်အစား ကင်းမဲ့သူများပင်ဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် အဝတ်အစားဆင်မြန်းပေးရန် တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား အဝတ်အစား ဆင်မြန်းပေးတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင် အသင်တို့သည် နေ့နှင့်ညတွင် အပြစ်အကုသိုလ်များ ကျူးလွန်နေကြသည်။ ငါအရှင်မြတ်သည် အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံကြလေကုန် ငါအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှ ဆိုးကျိုးပေးနိုင်ကြမည်မဟုတ်၊ ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှကောင်းကျိုးလည်းပြုနိုင်မည် မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်နာခံမှုအရှိဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှုအာဏာတွင် တစ်စုံတစ်ရာမျှ တိုးလာမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင်တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် ကွင်းပြင်ကြီးတစ်ခု၌ ရပ်၍ ငါအရှင်မြတ်ထံမှ (မိမိတို့၏ လိုအပ်ချက်များကို) တောင်းခံကြပြီး ငါအရှင်မြတ်သည် တစ်ဦးချင်းစီ၏ တောင်းခံမှုကို ချီးမြှင့်ခဲ့လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်လိုက်၍ ပြန်ထုတ်သည့်အခါ လျော့နည်းခြင်း မရှိသကဲ့သို့ပင် ငါအရှင့်ထံတော်မှ တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင်ဤသည် အသင်တို့၏ လုပ်ရပ်များပင်ဖြစ်ပြီး ငါအရှင်မြတ်သည် ထိုလုပ်ရပ်များကို အသင်တို့အတွက် မှတ်တမ်းတင် ထားတော်မူသည်။ ၎င်းနောက်(ကိယာမသ်နေ့၌) ထိုလုပ်ရပ်များကို အသင်တို့အား အပြည့်အဝ ပြန်လည်အစားပေးမည်ဖြစ်သည်။ မည်သူမဆို ကောင်းမြတ်သည့်အစားကို ရရှိခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြု(ကျေးဇူးတင်)ပါလေ။ မည်သူမဆို (ကောင်းမြတ်သည့်အစား မဟုတ်ဘဲ) အခြားအရာကိုရရှိခဲ့လျှင် ထိုသူသည် မိမိကိုယ်မိမိသာ အပြစ်တင်ပါလေ။»رواه مسلم
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။رواه مسلم
عن أبي هريرة رضي الله عنه مرفوعاً: «لما خلق اللهُ الخَلْقَ كتب في كتاب، فهو عنده فوق العرش: إن رحمتي تَغْلِبُ غضبي». وفي رواية: «غَلَبَتْ غضبي» وفي رواية: «سَبَقَتْ غضبي».متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။متفق عليه
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)متفق عليه
အဗ်ဒုလ္လာဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ (ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။အဗ်ဒွရ်ရဇ္ဇာက် ဆင့်ပြန်ခဲ့သည်။
عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «ما توطَّنَ رجلٌ مسلمٌ المساجدَ للصلاة والذِّكر، إلا تَبَشْبَشَ اللهُ له، كما يَتَبَشْبَشُ أهلُ الغائب بغائبهم إذا قَدِمَ عليهم».رواه ابن ماجه وأحمد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ “မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်ပြီဆိုပါက ငါအရှင်မြတ်သည် သူနားထောင်သည့်နားဖြစ်သွားသည်။ သူကြည့်သောမျက်စိဖြစ်သွားသည်။ သူကိုင်သည့်လက် ဖြစ်သွားသည်။ သူလျှောက်လှမ်းသည့် ခြေထောက်ဖြစ်သွားသည်။ အကယ်၍သူသည် ငါအရှင်မြတ်ထံမှာ တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့ကိုအမှန်တကယ်ပေးတော်မူမည်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့အား အမှန်တကယ် ခိုလှုံခွင့်ပေးမည်ဖြစ်သည်။ (တဖက်တွင်)မုအ်မင်န်သည် သေချင်းတရားကို မနှစ်မြို့(အခြားတဖက်တွင်)ငါအရှင်မြတ်သည် သူ့အားဒုက္ခဖြစ်စေခြင်းကို မနှစ်မြို့ပေ။ (သို့ရှိရာ ငါအရှင်မြတ်သည် သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးခြင်းနှင့် အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုဆုံးဖြတ်ပေးခြင်းဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။رواه البخاري
عن أنس بن مالك وأبي هريرة رضي الله عنهما عن النبي صلى الله عليه وسلم فيما يرويه عن ربه عز وجل قال: «إذا تَقَرَّبَ العبدُ إليَّ شِبْرًا تَقَرَّبْتُ إليه ذِرَاعًا، وإذا تَقَرَّبَ إليَّ ذِرَاعًا تَقَرَّبْتُ مِنْهُ بَاعًا، وإذا أتاني يمشي أَتَيْتُهُ هَرْوَلَةً».حديث أنس -رضي الله عنه- رواه البخاري . حديث أبي هريرة -رضي الله عنه- متفق عليه
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။ သိုဖြစ်ရာ ထိုသူသည် ယာဘက်ကိုကြည့်ရာ သူတင်ကြို၍ပိုခဲ့သော‌(ကောင်းမှုကိုသာ) တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူတင်ကြို၍ပိုခဲ့သော‌(မကောင်းမှုကိုသာ) တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏‌အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ ကိုယ်တော်မြတ်က မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော ကောင်းမှုနှင့်ပင်ဖြစ်ပါစေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ယူကြကုန်။متفق عليه