Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထား‌သော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ-

Available in 71 languages
«အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထား‌သော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- ကျွန်မက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် အစ်ဗ်နု ဂျုဒ်အာန်သည် (ဂျာဟိလိယသ်) အမိုက်ခေတ်တွင် ဆွေမျိုးသားချင်း အဆက်အထားသူ၊ ဆင်းရဲသားများကို ကျွေးမွေးသူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်၍ ထိုလုပ်ရပ်တို့က သူ့အား အကျိုးပေးနိုင်မည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ- သူ့အား အကျိုးမပေးနိုင်ပေ။ ၎င်းသည် တစ်ခါမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိပေ။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်မတိုင်မီက ကုရိုင်ရှ်ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ အဗ်ဒုလ္လာဟ်ဗင်န် ဂျုဒ်အာန် ဆောင်ရွက်ခဲ့သည့် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမှုများဖြစ်သည့် ဆွေမျိုးသားချင်း အဆက်ထားခြင်း၊ ဆွေမျိုးများကို ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ဆင်းရဲသားများကို ကျွေးမွေးခြင်းစသည်တို့အပြင် အခြားကောင်းမှုများသည် နောင်တမလွန်အာခိရသ်တွင် ၎င်းအား အကျိုးမပေးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ အကျိုးမပေးရခြင်းမှာ ၎င်းသည် အလ္လာဟ်အရှင်မြတ်ကို ကုဖ်ရ် သွေဖည်ငြင်းပယ်ခဲ့ပြီး တစ်ရက်တလေမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိသည့်အတွက်ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality