Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

Available in 71 languages
«ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဂျန္နသ်နှင့် ဂျဟန္နမ်) ဝါဂျိဗ် ထိုက်စေမည့် အချက်နှစ်ချက်မှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။»

Meaning translation ·

Explanation

The meaning in a few plain lines

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နဟ် သုခဘုံကိုရရှိစေမည့်အချက်နှင့် ဂျဟန္နမ်သို့ကျရောက်စေမည့်အချက်တို့ကို မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအားဖြေကြားခဲ့သည်မှာ ဂျန္နဟ်သုခဘုံကို ရရှိစေမည့်အချက်မှာ လူသားသည်အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည်သည့်တစ်စုံတစ်ရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးကွယ်လွန်သွားခြင်းဖြစ်သည်။ ဂျဟန္နမ်သို့ရောက်စေမည့် အချက်မှာ လူသားသည်အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်ပြီး ခဝပ်ကိုးကွယ်မှုကိုခံထိုက်ခြင်း၌လည်းကောင်း၊ အလုံးစုံကိုမွေးမြူဖန်ဆင်း ထိန်းသိမ်းစောင့်ရှောက်ခြင်း၌လည်းကောင်း၊ ဂုဏ်တော်၊နာမတော်များပိုင်ဆိုင်ရာတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာသည်လည်း အတူပါဝင်နေသည်ဟု ယုံကြည်ချက်ထားကာ သေဆုံးကွယ်လွန်သွားခြင်းဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality