ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
အဗူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သည် ဤ ဒုအာကို အမြဲ တောင်းတော်မူလေ့ရှိသည်။
Available in 54 languages
«အဗူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သည် ဤ ဒုအာကို အမြဲ တောင်းတော်မူလေ့ရှိသည်။ «رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ».
အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှားမှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။»Meaning translation ·
Saved at original quality








