Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လ လ္လာဟုအလိုင်ဟိ ဝစလ္လမ် )သည် ဤစကားရပ်တော်များဖြင့် ဒုအာတောင်းတော်မူလေ့ရှိခဲ့သည်။

Available in 53 languages
«အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လ လ္လာဟုအလိုင်ဟိ ဝစလ္လမ် )သည် ဤစကားရပ်တော်များဖြင့် ဒုအာတောင်းတော်မူလေ့ရှိခဲ့သည်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တာ်မျိုး ကြွေးမြီ၏ ဝန်ပိခြင်း၊ ရန်သူ၏ လွှမ်းမိုးခံရခြင်းနှင့် ရန်သူတို့၏ အားရဝမ်းသာဖြစ်မှုတို့မှ အရှင်မြတ်ထံ ခိုလှုံပါ၏။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အောက်ပါအရာများမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်- 1-اللَّهُمَّ إِنِّي أَعُوذُ) အလိုသဘောမှာ- ကျွန်တော်မျိုး ခိုလှုံပါသည်ဟူ၍ဖြစ်သည်။ (بِكَ) ဆိုသည်မှာ - အရှင်မြတ်ထံတော်ပါး၌သာ ဟူ၍ ဖြစ်သည်။(مِنْ غَلَبَةِ الدَّيْنِ) ဆိုသည်မှာ -ကြွေးမြီ၏ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်သောကများမှ အရှင်မြတ်ထံ ခိုလှုံခြင်းဖြစ်သည်။ ထို့ပြင် ကြွေးမြီကို ပြန်ဆပ်နိုင်ရန် အရှင်မြတ်ထံ ကျွန်တော်မျိုးအကူအညီ တောင်းခံပါသည်ဟူ၍ ဖြစ်သည်။ 2 - ( وَغَلَبَةِ الْعَدُوِّ ) ဆိုသည်မှာ - ရန်သူ၏ လွှမ်းမိုးမှု၊ ဖိနှိပ်အုပ်စိုးမှုတို့မှ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ထိုရန်သူ၏ ဒုက္ခ‌ ပေးမှုကို တားဆီးပေးပြီး၊ ၎င်းအပေါ် အောင်နိုင်မှုချီးမြှင့်တော်မူပါရန် ကျွန်တော်မျိုး အရှင်မြတ်ထံ တောင်းခံပန်ကြားအပ်ပါသည် ဟူ၍ ဖြစ်သည်။ 3 (وَشَمَاتَةِ الْأَعْدَاءِ) ဆိုသည်မှာ မုစ်လင်မ်များအပေါ် ဘေးဒုက္ခကျရောက်သောအခါ ရန်သူများ ဝမ်းသာအားရ ဖြစ်ခြင်းမှ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။

Source
رواه النسائي وأحمد
Download image

Saved at original quality