Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 48 languages
«အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံ၏ နိအ်မသ်စည်းစိမ်အချို့ကို သတင်းပေးတော်မူခဲ့သည်။ ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူအတွက် အလွန်ကျယ်ဝန်း၍ အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းနှင့် ဖန်တီးထားသည့် ကြီးကျယ်ခမ်းနားသော ရွက်ဖျင်တဲကြီးတစ်ခု ရှိမည်။ မိုးကောင်းကင်၌ ထိုတဲ၏ အလျားနှင့်အနံမှာ မိုင်(၆၀) ရှိသည်။ တဲ၏ လေးထောင့်တိုင်း၊ အရပ်မျက်နှာအရပ်ရှိ နေရာတိုင်း၌ ဇနီးများ ရှိကြပြီး ၎င်းတို့သည် အချင်း ချင်းမမြင်ရကြပေ။ မုအ်မင်န်ယုံကြည်သူသည် ၎င်းတို့ထံ လှည့်လည်သွားလာနေမည်ဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality