Hadith for the World
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ခဝပ်ကိုးကွယ်မှုဆိုင်ရာ ဖိကဟ်။

231 hadiths

231 hadiths

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။متفق عليه
عن عبد الله بن عُمَر رضي الله عنه قال: «اسْتَأْذَنَ الْعَبَّاسُ بن عَبْدِ الْمُطَّلِب رسول الله صلى الله عليه وسلم : أن يبيت بمكة ليالي مِنى، من أجل سِقَايَتِه فأذن له».متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။متفق عليه
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။متفق عليه
အွမ်မု အသွိယဟ် ( ရဿွိယလ္လာဟုအန်ဟာ ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ် တားမြစ်ခဲ့တာမျိုးတော့ မဟုတ်ပါ။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ် (သို့မဟုတ်) မုအ်မင်န် ကျေးကျွန်တစ်ဦးသည် ဝုဿွူပြုသည့်အခါ ၎င်း၏မျက်နှာကိုဆေးကြောလိုက်ပါက သူ၏မျက်လုံးနှင့်ကြည့်၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှကျဆင်းသွားမည်။ ၎င်းသည်မိမိလက်နှစ်ဖက်ကို ဆေးကြောသည့်အခါ လက်ဖြင့်ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ လက်မှကျဆင်းသွားမည်။ ၎င်းသည်မိမိခြေနှစ်ဖက်ကို ဆေးကြောသည့်အခါ ခြေဖြင့်လျှောက်လှမ်း၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ ခြေထောက်မှကျဆင်းသွားမည်။ နောက်ဆုံး အပြစ်များမှကင်းစင်၍ ထွက်လာမည်ဖြစ်သည်။رواه مسلم
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ) ဆင့်ပြန်ခဲ့သည်။ "အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်‌တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ စူရဟ်များကိုသင်ပေးသကဲ့သို့ ကိစ္စရပ်အားလုံးတွင် အစ်သေခါရဟ် (ကောင်းကျိုးကို ရှာဖွေခြင်း) ကို သင်ပေးတော်မူ၏။ ကိုယ်တော်မြတ်က မိန့်ကြားတော်မူသည်- 'သင်တို့အနက်တစ်ဦးဦးသည် ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန် ရည်ရွယ်သောအခါ ဖရဿ်ွမဟုတ်သောဆွလားသ် နှစ်ရကအသ်ကို ဝတ်ပြုပါ။ ထို့နောက် ဤဒုအာကိုရွတ်ဆိုပါ- «اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي» 'အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အသိဉာဏ်တော်ကိုအကြောင်းခံ၍ အရှင်မြတ်ထံကောင်းကျိုးကို တောင်းခံပါ၏။ အရှင်မြတ်၏ တန်ခိုးတော်ဖြင့် စွမ်းဆောင်နိုင်စွမ်းကို အရှင်မြတ်ထံ တောင်းခံပါ၏။ အရှင်မြတ်၏ မဟာကျေးဇူးတော်မှ ပေးသနားတော်မူပါရန် အရှင်မြတ်တောင်းခံပါ၏။ အကြောင်းမူကား အရှင်မြတ်သည် စွမ်းဆောင်နိုင်တော်မူပြီး ကျွန်တော်မျိုးမှာမူ စွမ်း ဆောင်နိုင်စွမ်း မရှိပါ။ အရှင်မြတ်သည် သိတော်မူပြီး ကျွန်တော်မျိုးမှာမူ မသိပါ။ အရှင်မြတ်သည် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။ အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှုနှင့် အဆုံးရလဒ်တို့အတွက် ကောင်းကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ကောင်းကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက် ၎င်းတွင် ကျွန်တော်မျိုးအတွက် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါ။ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှု၊ အဆုံးရလဒ်တို့အတွက် ဆိုးကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ဆိုးကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးထံမှ ဖယ်ရှားပေးတော်မူပါ။ ကျွန်တော်မျိုးကိုလည်း ၎င်းကိစ္စမှ ဖယ်‌ရှားပေးတော်မူပါ။ ကောင်းကျိုးသည် မည်သည့်နေရာတွင်ပင်ရှိသည်ဖြစ်စေ ထိုကောင်းကျိုးကို အရှင်မြတ် ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ထို့နောက် ကျွန်တော်မျိုးအား ထိုကောင်းကျိုးနှင့် ပတ်သတ်ပြီး ကျေနပ်နှစ်သက်သူအဖြစ် ပြုလုပ်ပေးတော်မူပါ။' (أَنَّ هَذَا الْأَمْرَ) ဟူ‌သော နေရာတွင် မိမိလိုအပ်ချက်ကို လျှောက်ထားတင်ပြရမည်။رواه البخاري
عن أنس بن مالك رضي الله عنه قال: مرَّ النَّبي - صلى الله عليه وسلم - بامرَأَة تَبكِي عِند قَبرٍ، فقال: «اتَّقِي الله واصْبِري» فقالت: إليك عَنِّي؛ فَإِنَّك لم تُصَب بِمُصِيبَتِي ولم تَعرِفه، فقِيل لها: إِنَّه النَّبِي - صلى الله عليه وسلم - فأتت باب النبي - صلى الله عليه وسلم - فلم تجد عنده بوَّابِين، فقالت: لم أَعرِفكَ، فقال: «إِنَّما الصَّبرُ عِند الصَّدمَةِ الأُولَى». وفي رواية: «تَبكِي على صبِّي لها».متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။رواه أحمد
عن أبي هريرة رضي الله عنه مرفوعًا: «إِذَا لَبِسْتُم، وَإِذَا تَوَضَّأتُم، فَابْدَأُوا بَأَيَامِنُكُم».رواه أبو داود واللفظ له، والترمذي وابن ماجه وأحمد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။متفق عليه
عن أبي هريرة رضي الله عنه قال قال رسول الله صلى الله عليه وسلم : ((إن أمتي يُدْعَون يوم القيامة غُرًّا مُحَجَلِّين من آثار الوُضُوء)). فمن اسْتَطَاع منكم أن يُطِيل غُرَّتَه فَليَفعل. وفي لفظ لمسلم: ((رأَيت أبا هريرة يتوضَّأ، فغسل وجهه ويديه حتى كاد يبلغ المنكبين، ثم غسل رجليه حتى رَفَع إلى السَّاقين، ثم قال: سمعت رسول الله صلى الله عليه وسلم يقول: إنَّ أمتي يُدْعَون يوم القيامة غُرًّا مُحَجَّلِين من آثار الوُضُوء)) فمن استطاع منكم أن يطيل غُرَّتَه وتَحْجِيلَه فَليَفعَل. وفي لفظ لمسلم: سمعت خليلي صلى الله عليه وسلم يقول: ((تَبْلُغ الحِليَة من المؤمن حيث يبلغ الوُضُوء)).الرواية الأولى: متفق عليه. الرواية الثانية: رواها مسلم. الرواية الثالثة: رواها مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။"متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «صلاة الرجل في جماعة تَضعُفُ على صلاته في بيته وفِي سُوقِه خمسا وعشرين ضِعفًا، وذلك: أَنَّه إِذَا تَوَضَّأ، فَأَحسَن الوُضُوء، ثمَّ خرج إلى المسجد لاَ يُخرِجُهُ إلاَّ الصلاة؛ لَم يَخْطُ خُطوَةً إِلاَّ رُفِعَت له بِها درجة، وَحُطَّ عَنهُ بها خطيئة، فإذا صلَّى لم تزل الملائكة تُصَلِّي عليه، ما دام في مُصَلاَّه: اللهُمَّ صَلِّ عليه، اللهم اغفِر له، اللهم ارْحَمه، ولا يزال في صلاة ما انتظر الصلاة».متفق عليه
ဇိုက်ဒ်ဗင်န်ခါလိဒ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်း‌တော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။متفق عليه
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်ထက်ပို၍ အလေး ထားဂရုစိုက်၊ မပျက်မကွက် အမြဲဆောင်ရွက်ခဲ့သော အခြားနဖိလ်ဆွလာသ်မရှိခဲ့ပါ။"متفق عليه
မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်း၏လက်ကို ကိုင်၍ မိန့်ကြားခဲ့သည်မှာ - "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်။ အို-မုအာဇ် ငါကိုယ်တော် အသင့်အား အကြံပေးတိုက်တွန်းပါသည်။ ‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။رواه أبو داود والنسائي وأحمد
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်‌တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ စွိယာမ်ဥပုသ်‌ စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေး သော ) ဒိုင်းတစ်ခုပမာဖြစ်၏။ သို့ဖြစ်၍ သင်တို့အနက်တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ်စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုလည်းကောင်း၊ အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းကိုလည်းကောင်း မပြုလုပ်ကြရပေ။အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား ဆဲဆိုမ ကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။ အကြင်အရှင်မြတ်၏ ကစမ်၊ ထိုအရှင်၏ လက်တော်ဝယ် မုဟမ္မဒ်၏ အသက်ဇီဝိန် ရှိသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ ပါးစပ်(မှထွက်သော)အနံ့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကတိုးနံ့ထက် ပို၍မွှေးကြိုင်လှပေသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန် ဝမ်းမြောက်ပျော်ရွှင်၍၊ အခြားတစ်ခုမှာ သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما أن رسول الله صلى الله عليه وسلم قال: «يَغْفِرُ الله للشَّهيد كُلَّ شيءٍ إلا الدَّين». وفي رواية له: «القَتْل في سَبِيل الله يُكَفِّر كلَّ شيءٍ إلا الدَّين».رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။رواه مسلم
ရှိုရိုင်ဟ် ဗင်န် ဟာနိအ်က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။رواه مسلم
عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «أيُّكم مالُ وارثِه أحَبُّ إليه من مالَه؟» قالوا: يا رسول الله، ما منَّا أحد إلا مَالُه أحَبُّ إليه. قال: «فإن مالَه ما قدَّم، ومالُ وارثِه ما أخَّر».رواه البخاري