MY
Topic
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။
288 hadiths
ထွတ်မြတ်မှုများ။
64
ကိုယ်ကျင့်တရားဆိုင်ရာ ဖိကဟ်။
56
အစ္စလာမ့် အာဒါဗ်စည်းကမ်းများ။
67
ဒုအာ၊ ဇိကိရ်တို့နှင့်သက်ဆိုင်သည့် ဖိကဟ်။
62
နှလုံးသားကို နူးညံ့စေသော ဆုံးမဩဝါဒများ။
63
288 hadiths
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: "لِيُسَلِّمِ الصغيرُ على الكبيرِ، والمارُّ على القاعدِ، والقليلُ على الكثيرِ" وفي رواية: "والراكبُ على الماشي".
متفق عليه
အဗူမတ်စ်အူးဒ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
رواه مسلم
عن علي بن أبي طالب رضي الله عنه مرفوعاً: «إذا انْتَعَل أحدكم فليبدأ باليمين، وإذا نَزَعَ فليبدأ بالشمال، ولْتَكُن اليُمنى أولَهُما تُنْعَل، وآخِرَهُما تُنْزَع».
متفق عليه
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။
رواه البخاري
အဗူအိုင်ယူဗ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။
متفق عليه
ဂျုဗိုင်းရ် ဗင်န် မုသ်ွအင်မ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူခဲ့သည်ကို ကြားသိခဲ့သည်။ ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။
متفق عليه
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် မိမိ၏အဝတ်ကို မာန်မာနထောင်လွှားပြီး တရွတ်ဆွဲ၍ (လမ်းလျှောက်) ခဲ့လျှင်အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
متفق عليه
အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်ခံရရန်နှင့် ၎င်း၏သက်တမ်း ရှည်လျားမှုရရန် နှစ်သက်လိုလားလျှင် ဆွေမျိုးဆက်ပါ။
متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما أن رسول الله صلى الله عليه وسلم قال: «من الكبائر شَتْمُ الرجل والديه» قيل: وهل يسبّ الرجل والديه؟ قال: «نعم، يسبّ أبا الرجل فيسبّ أباه، ويسبّ أمّه، فيسبّ أمّه».
متفق عليه
အဗ်ဒုရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ပြောကြားခဲ့သည်။ ကအ်ဗ်ဗင်န် အုဂ်ျရဟ်သည် ကျွန်တော့်အားတွေ့ဆုံခဲ့ပြီး ကျွန်ုပ်သည် သင့်အားလက်ဆောင်တစ်ခုပေးရမလား ဟုပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့ထံ ကြွမြန်းလာတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား မည်သို့စလာမ်ပေးရမည်ကို သိရှိကြပါသည်။ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်တို့ ဤသို့ရွတ်ဆိုကြပါ။ اَللّٰهُمَّ صَلِّ عَلَىٰ مُحَمَّدٍ وَعَلَىٰ آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلىٰ آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ. اَللّٰهُمَّ بَارِكْ عَلىٰ مُحَمَّدٍ وَعَلىٰ آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلىٰ آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ “အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဆွလ္လိုင်းသ အလာအားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဗာရက်သ အလာ အားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်” အဓိပ္ပါယ် - (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ဂရုဏာတော်အပေါင်း ခညောင်းစေတော်မူတော်မူသကဲ့သို့ မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေးများ၊ နောက်လိုက်များ အပေါ်သို့ ဗရ်ကသ် ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူခဲ့သလို မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေးများ၊ နောက်လိုက်များအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။)
متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌) ဒုအာအမြောက်အမြား တောင်းခံကြပါ။
رواه مسلم
عن أبي أمامة رضي الله عنه قال: سمعتُ رسولَ اللهِ صلى الله عليه وسلم يقولُ: «اقْرَؤُوا القرْآنَ؛ فَإنَّهُ يَأتِي يَوْمَ القِيَامَةِ شَفِيعًا لأَصْحَابِهِ».
رواه مسلم
عن أبي ذر الغفاري رضي الله عنه عن النبي صلى الله عليه وسلم قال: «ألاَ أُخْبِرُكَ بِأَحَبِّ الكَلاَمِ إِلَى اللهِ؟ إنَّ أَحَبَّ الكلام إِلى الله: سبحان اللهِ وبحمدِهِ».
رواه مسلم
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိအိမ်နီးချင်းအား ဂုဏ်ပေးပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိဧည့်သည်အား ဂုဏ်ပေးလေးစားပါ။
متفق عليه
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်;ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
متفق عليه
အစ်ဗ်နု အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ) ကျန်းမာခြင်းနှင့် အားလပ်ချိန် ဖြစ်သည်။"
رواه البخاري
عن أبي هريرة رضي الله عنه مرفوعاً: «والذي نفسي بيده، لو لم تذنبوا، لذهب الله بكم، وجاء بقوم يُذْنِبُونَ، فيستغفرون اللهَ تعالى، فيغفر لهم».
رواه مسلم
عن عبد الله بن مسعود رضي الله عنه مرفوعاً: «يُؤْتَى بجهنم يومئذ لها سبعون ألف زِمَامٍ مع كل زمام سبعون ألف ملك يَجُرُّونَهَا».
رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)
رواه مسلم
အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။
متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
رواه الترمذي وابن ماجه وأحمد
عن أبي سعيد الخدري رضي الله عنه قال: قال رسول الله صلى الله عليه وسلم : "الْبَاقِيَاتُ الصَّالِحَاتُ، لَا إلَهَ إلَّا اللَّهُ، وَسُبْحَانَ اللَّهِ، وَاَللَّهُ أَكْبَرُ، وَالْحَمْدُ لِلَّهِ، وَلَا حَوْلَ وَلَا قُوَّةَ إلَّا بِاَللَّهِ".
رواه ابن حبان والحاكم، أما النسائي فرواه في الكبرى لكن من حديث أبي هريرة
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရပေ။
رواه أبو داود والترمذي والنسائي
Previous page
Page 6 of 12
Next page