Hadith for the World
ဆွိယာမ်။

رمضان

2 hadiths

2 hadiths

အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်ကို ရမဿွာန်လ၏ညတိုင်းလာတွေ့ပြီး ကိုယ်တော်မြတ်နှင့်အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမှုနှင့်ပတ်သက်၍(အဖန်‌ဆင်းခံအားလုံးအား အကျိုးပြုရာတွင်)စေလွှတ်ခြင်းခံရသော လေထက်ပင်ပို၍ရက်ရောတော်မူပေသည်။متفق عليه
عن أبي هريرة أن رسول الله صلى الله عليه وسلم قال: «من قام رمضان إيمانًا واحتسابًا غفر له ما تقدم من ذنبه».متفق عليه