Hadith for the World
ဆွိယာမ်။

ရမဿွာန်လမြတ်၏နောက်ဆုံးဆယ်ရက်။

4 hadiths

4 hadiths

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ရမဿွာန်လ၏) နောက်ဆုံးဆယ်ရက်တွင် (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိသည်။رواه مسلم
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။متفق عليه
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။"متفق عليه
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် ညကိုနိုးနိုးကြားကြား‌ နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း (ဝတ်ပြုရန်) နှိုးတော်မူ၏။ (ဝတ်ပြုကိုးကွယ်မှုတွင်) ကြိုးစားအားထုတ်တော်မူ၏။ ထို့ပြင် ခါးဝတ်ပုဆိုးကိုလည်း မြဲမြံစွာချည်နှောင်တော်မူ၏။متفق عليه