Hadith for the World
Tap the image to view it full size
ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။

Available in 53 languages
«မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ရမဿွာန်လ၏) နောက်ဆုံးဆယ်ရက်တွင် (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လမြတ်ရမဿွန်၏ နောက်ဆုံးဆယ်ရက် ရောက်လာသောအခါ (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ၊ နာခံမှုများကို အားသွန်ခွန်စိုက်ပြုလုပ်ကာ ကောင်းမှုအမျိုးမျိုး၊ ရက်ရောစွာပေးကမ်းမှုများနှင့် အိဗာဒသ်ခဝပ်ကိုးကွယ်မှုအမျိုးအမျိုးကို အထူးတလည် မြှင့်တင်ပြုလုပ်လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းမှာ ထိုညများ၏ ကြီးကျယ်မြင့်မြတ်မှုများနှင့် အကျိုးကျေးဇူးတော်များကြောင့် ဖြစ်ပြီး 'လိုင်လသုလ်ကဒရ်' (ကဒရ်ည)ကို ရှာဖွေရန် အတွက် ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality