အကီဒဟ် ယုံကြည်ချက်။
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
Available in 43 languages
«အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် သင်တို့အနက်တစ်ဦးဦး ကွယ်လွန်သေဆုံးသည့်အခါ ထိုသူသည် နံနက်ခင်းနှင့် ညနေခင်းအချိန်တိုင်း၌ မိမိ၏နေရာကို ပြသခြင်းခံရ၏။ (ထိုသူသည်) ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်ခဲ့လျှင် ဂျန္နသ်သုခဘုံသားများထဲမှ နေရာကိုလည်းကောင်း၊ ဂျဟန္နမ်ငရဲသားများထဲမှ ဖြစ်ခဲ့လျှင် ဂျဟန္နမ်ငရဲသားများထဲမှ နေရာကိုလည်းကောင်း (ပြသခြင်းခံရ၏)။ ထို့နောက် 'ဤသည် အသင့်အား အလ္လာဟ်အရှင်မြတ် ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူမည့် ကိယာမသ်နေ့တိုင်အောင် သင်၏နေရာဖြစ်သည်' ဟု ပြောဆိုခြင်းခံရမည်။"»Meaning translation ·
Saved at original quality








