Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 43 languages
«အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် သင်တို့အနက်တစ်ဦးဦး ကွယ်လွန်သေဆုံးသည့်အခါ ထိုသူသည် နံနက်ခင်းနှင့် ညနေခင်းအချိန်တိုင်း၌ မိမိ၏နေရာကို ပြသခြင်းခံရ၏။ (ထိုသူသည်) ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်ခဲ့လျှင် ဂျန္နသ်သုခဘုံသားများထဲမှ နေရာကိုလည်းကောင်း၊ ဂျဟန္နမ်ငရဲသားများထဲမှ ဖြစ်ခဲ့လျှင် ဂျဟန္နမ်ငရဲသားများထဲမှ နေရာကိုလည်းကောင်း (ပြသခြင်းခံရ၏)။ ထို့နောက် 'ဤသည် အသင့်အား အလ္လာဟ်အရှင်မြတ် ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူမည့် ကိယာမသ်နေ့တိုင်အောင် သင်၏နေရာဖြစ်သည်' ဟု ပြောဆိုခြင်းခံရမည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- အကယ်၍ ဗန္ဒဟ်ကျေးကျွန်တစ်ဦးသည် ကွယ်လွန်သေဆုံးသွားပါက ထိုသူအား နံနက်နှင့်ညနေတိုင်း သူ၏ (ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ငရဲ) ၌ သီးသန့် ဧည့်ခံခြင်းခံရမည့်နေရာကို ပြသခြင်းခံရသည်။ အကယ်၍ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်လျှင် ဂျန္နသ်သုခဘုံရှိ သူ၏နေရာ၊ ငရဲသားများထဲမှဖြစ်လျှင် ငရဲရှိ သူ၏နေရာတို့ကို ပြသခြင်းခံရပြီး ဤသို့ ပြောဆိုခြင်းခံရမည်။ ဤသည်ကား ကိယာမသ်ရှင်ပြန်ထမြောက်ရာနေ့တွင် သင်ပြန်လည်ရှင်ပြထရမည့် သင်၏နေရာဖြစ်သည်။ ထို‌နေ့တွင် မုအ်မင်န်သက်ဝင်ယုံကည်သူအား ချမ်းသာသုခပေးခြင်းနှင့် ကာဖိရ်အား ပြစ်ဒဏ်ပေးခြင်းတို့ ရှိမည်ဖြစ်သည်။

Source
متفق عليه
Download image

Saved at original quality