Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 66 languages
«တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်မှာ အပြောအဆိုနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့၌ နူးညံ့သိမ် မွေ့ခြင်း၊ အလျင်စလိုမပြုခြင်းတို့သည် အရေးကိစ္စတိုင်းကို ပိုမိုလှပပြည့်စုံစေသည်။ ထို့ပြင် နူးညံ့သိမ်မွေ့မှုရှိသူသည် မိမိ၏လိုအပ်ချက်ကို ရရှိနိုင်မည်ဖြစ်သည်။ နူးညံ့သိမ်မွေ့မှု မရှိခြင်းသည် အရေးကိစ္စတိုင်းကို ချို့ယွင်းမှုဖြစ်စေပြီး ရုပ်ဆိုးအကျည်းတန်စေသည်။ ထို့ပြင်ကာယကံရှင်အား သူ၏လိုအပ်ချက်များ မရရှိအောင် တားဆီးပိတ်ပင်သည်။ အကယ်၍ ၎င်းအနေဖြင့် မိမိလိုအပ်ချက်များကို ရရှိခဲ့လျှင်လည်း အခက်အခဲများဖြင့်သာ ရရှိလိမ့်မည်ဖြစ်သည်။

Source
رواه مسلم
Download image

Saved at original quality