Hadith for the World
Tap the image to view it full size
ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

Available in 66 languages
«အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

ကျွန်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသော ကျေးဇူးတော်များ၊ နိအ်မသ် စည်းစိမ်များနှင့် ပတ်သက်၍ အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းသည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကိုရရှိစေသည့်ကိစ္စများတွင် ပါဝင်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ သို့ဖြစ်၍ အစားအစာ စားပြီးနောက် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုရမည်။ သောက်စရာကို သောက်သုံးပြီးနောက် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုရမည်။

Source
رواه مسلم
Download image

Saved at original quality