Hadith for the World
Tap the image to view it full size
အတ္ထုပ္ပတ္တိနှင့် သမိုင်း။

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။

Available in 49 languages
«မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာအတွက် လက်တုံ့ ပြန်တော်မမူခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များ၊ ဂုဏ်တော်များကို ချိုးဖောက်ကျူးလွန်ခြင်းခံရလျှင်မူ ထိုအရာကိုအကြောင်းခံပြီးကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အတွက် လက်တုံ့ ပြန်တော်မူသည်။»

Meaning translation ·

Explanation

The meaning in a few plain lines

မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့သောကိုယ်ကျင့်တရားများနှင့်ပတ်သက်၍ အသိပေးတင်ပြခဲ့ပြီး ၎င်းအနက်အချို့မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ သို့သော် ထိုလွယ်ကူသောအရာသည် အပြစ်တစ်စုံတစ်ရာ ဖြစ်စေနိုင်လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပို၍ခက်ခဲသောအရာကိုသာ ရွေးချယ်တော်မူသည်။ ထို့အတူ တမန်တော်မုတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာကိစ္စများအတွက် မည်သည့်အခါမျှ လက်တုံ့ပြန်တော်မမူခဲ့ပေ။ မိမိ၏ရပိုင်ခွင့်ကို ကျူးလွန်ခံရလျှင်ပင် ခွင့်လွှတ်တော်မူသည်၊ လျစ်လျူရှုတော်မူသည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကို ချိုးဖောက်ကျူးလွန်မှုများ (အလ္လာဟ်၏ စည်းမျဉ်းတော်များ ချိုးဖောက်ခံရခြင်း) နှင့် ကြုံတွေ့ရသောအခါတွင်မူ အလ္လာဟ်အရှင်မြတ်အတွက်သာ လက်တုံ့ပြန်တော်မူသည်။ ထိုသို့သော အခြေအနေမျိုးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်မှုအတွက် အမျက်တော်သည် အခြားကိစ္စရပ်များထက် အဆမတန်ပိုမိုပြင်းထန်လေ့ရှိသည်။

Source
متفق عليه
Download image

Saved at original quality