Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

အုဗိုင်ဒုလ္လာဟ် ဗင်န် မိဟ်စွတ်န် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့အနက်မှ မည်သူမဆို နံနက်ခင်းအချိန်သို့ဝင်သောအခါ ကျန်းမာသောကိုယ်ခန္ဓာရှိလျက်၊ မိမိအသက်ဝိညာဉ် ဘေးကင်းလျက်၊ ၎င်းထံ ထိုနေ့အတွက် စားနပ်ရိက္ခာရှိလျှင် ထိုသူသည် ဤလောကကြီးတစ်ခုလုံး စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်၏။"رواه الترمذي وابن ماجه
عن أبي هريرة رضي الله عنه مرفوعاً: «إذا أَمَّنَ الإمام فأمنوا، فإنه من وافق تأمينه تأمين الملائكة: غفر له ما تقدم من ذنبه».متفق عليه
عن عائشة رضي الله عنها : أن النبي صلى الله عليه وسلم دخل عليها وعندها امرأة، قال: «من هذه؟» قالت: هذه فلانة تذكر من صلاتها. قال: «مَهْ، عليكم بما تطيقون، فوالله لا يَمَلُّ الله حتى تَمَلُّوا» وكان أحب الدين إليه ما داوم صاحبه عليه.متفق عليه
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။متفق عليه
ဇိုင်ဒ် ဗင်န် အရ်ကမ် ( ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောကြားခဲ့သည်မှာ- တမန်တော် မြတ် ( ဆွလ္လ လ္လာဟုအလိုင်ဝစလ္လမ်) ရွတ်ဖတ်တော်မူလေ့ရှိသော ( ဒုအာကိုသာ ) အသင်တို့အား ကျွန်ုပ်ပြောပြပါမည်။ ကိုယ်တော်သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မစွမ်းဆောင် နိုင်ခြင်း၊ ပျင်းရိခြင်း၊ သူရဲဘော ကြောင်ခြင်း၊ စေးနှဲတွန့်တိုခြင်း၊ အိုမင်းရင့်‌ရော်ခြင်းနှင့် ကဗရ် ရဲ့အဇာဗ်ပြစ်ဒဏ်တို့မှ အရှင်မြတ်ထံခိုလှုံပါ၏။အို အလ္လာဟ်အရှင်မြတ်၊ ကျွန်‌တော်မျိုး၏ စိတ်ဝိညာဉ်အား ၎င်းတွင်ရှိရမည့် သက္ကဝါအ‌ကြောက်တရားကို ပေးသနားတော်မူပါ။ ထို့ပြင် ထိုစိတ်ဝိညာဉ်အား သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အရှင်မြတ်သည် ထိုစိတ်ဝိညာဉ်ကိုအကောင်းဆုံး သန့်ရှင်းစင်ကြယ်စေတော်မူသောအရှင်ဖြစ်ပါသည်။ အရှင်မြတ်သည်သာ ထိုစိတ်ဝိညာဉ်ကို အုပ်ထိန်း‌တော်မူသည့်အရှင်၊ ကာကွယ်ပေးတာ်မူသည့် အရှင်ဖြစ်ပါသည်။အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အကျိုးမပြုသော ပညာ၊ ကြောက်ရွံ့မှုမရှိ‌သော နှလုံးသား၊ ( ရလေလိုလေ ) ပြည့်ဝခြင်းမရှိသော စိတ်နှင့် လက်ခံခြင်းမခံရသော တောင်းဆုဒုအာတို့မှ အရှင်မြတ်ထံခိုလှုံမှုပြုပါ၏။رواه مسلم
عن أنس رضي الله عنه أن رسول الله صلى الله عليه وسلم كان إذا أوى إلى فراشه، قال: «الحمد لله الذي أطعمنا وسقانا، وكفانا وآوانَا، فَكَمْ مِمَّنْ لا كَافِيَ له وَلاَ مُؤْوِيَ».رواه مسلم
عن أبي هريرة-رضي الله عنه مرفوعاً: «اللهم إني أعوذ بك من الجوع، فإنه بِئْسَ الضَّجِيعُ،وأعوذُ بِكَ منَ الخِيَانَةِ، فَإنَّهَا بِئْسَتِ البِطَانَةُ».رواه أبو داود والنسائي وابن ماجه
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «بينما رجل يمشي في حُلَّةٍ تُعْجِبُهُ نَفْسُهُ، مُرَجِّلٌ رأسه، يَخْتَالُ في مَشْيَتهِ، إذ خَسَفَ اللهُ به، فهو يَتَجَلْجَلُ في الأرض إلى يوم القيامة".متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «تُعْرَضُ الأعمالُ يومَ الاثنين والخميس، فَأُحِبُّ أَنْ يُعْرَضَ عَملي وأنا صائم». وفي رواية: «تُفْتَحُ أبوابُ الجَنَّةِ يومَ الاثنين والخميس، فَيُغْفَرُ لكلِّ عبد لا يُشْرِكُ بالله شيئا، إِلا رجلا كان بينه وبين أخيه شَحْنَاءُ، فَيُقَالُ: أَنظِروا هذيْن حتى يَصْطَلِحَا، أنظروا هذين حتى يصطلحا». وفي رواية: «تُعْرَضُ الأَعْمَالُ في كلِّ اثْنَيْنِ وَخَميسٍ، فَيَغْفِرُ اللهُ لِكُلِّ امْرِئٍ لا يُشْرِكُ بالله شيئاً، إِلاَّ امْرَءاً كانت بينه وبين أخِيهِ شَحْنَاءُ، فيقول: اتْرُكُوا هذَيْنِ حتى يَصْطَلِحَا».حديث أبي هريرة الأول رواه الترمذي. والحديثان الآخران هما حديث واحد، رواه مسلم، وكرر لفظة: "أنظروا هذين حتى يصطلحا" ثلاثاً
အွတ်စ်မာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။رواه البخاري
عن أنس بن مالك رضي الله عنه قال: كان رسول الله صلى الله عليه وسلم يقول: «اللهم إني أعوذ بك من العَجْزِ، والكَسَلِ، وَالجُبْنِ، والهَرَمِ، والبخل، وأعوذ بك من عذاب القبر، وأعوذ بك من فتنة المحيا والممات». وفي رواية: «وَضَلَعِ الدَّيْنِ، وَغَلَبَةِ الرِّجَالِ».متفق عليه. والرواية الثانية رواها البخاري دون مسلم
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ - ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။رواه مسلم
ခေါင်လဟ် ဗင်န်သိ ဟကီးမ် အတ်စ်စုလမိယ္ယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်မသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိရသည်မှာ - မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။رواه مسلم
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။متفق عليه
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်အချို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။رواه مسلم
عن عائشة رضي الله عنها أنّ رسولَ اللهِ صلى الله عليه وسلم كانَ يقول في ركوعه وسجودِه: «سبُّوحٌ قُدُّوسٌ رَبُّ المَلاَئِكَةِ وَالرُّوحِ».رواه مسلم
عن أبي هريرة رضي الله عنه مرفوعاً: «إنما جُعِلَ الإمام ليِؤُتَمَّ به، فلا تختلفوا عليه، فإذا كبر فكبروا، وإذا ركع فاركعوا، وإذا قال: سمع الله لمن حمده، فقولوا: ربنا ولك الحمد. وإذا سجد فاسجدوا، وإذا صلى جالسا فصلوا جلوسا أجمعون».متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «إذا أوى أحدكم إلى فراشه فَليَنْفُضْ فِرَاشَهُ بِدَاخِلَةِ إزَارِهِ فإنَّهُ لا يدري ما خلفه عليه، ثم يقول: باسمك ربي وضعت جنبي، وبك أرفعه، إن أمسكت نفسي فارحمها، وإن أرسلتها، فاحفظها بما تحفظ به عبادك الصالحين».متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «تعوذوا بالله من جَهْدِ البلاء، وَدَرَكِ الشقاء، وسوء القضاء، وشماتة الأعداء». وفي رواية قال سفيان: أشك أني زدت واحدة منها.متفق عليه
عن أنس بن مالك رضي الله عنه قال: كَانَ رَسُولُ اللهِ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ- يَقُولُ: «اللهم إني أعوذ بك من البَرَصِ، والجُنُونِ، والجُذَامِ، وَسَيِّئِ الأسْقَامِ».رواه أبو داود والنسائي وأحمد
အဗ်ဒုလ္လာဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ (ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။အဗ်ဒွရ်ရဇ္ဇာက် ဆင့်ပြန်ခဲ့သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် တမန်တော်မြတ်၏ ဇနီးကြင်ယာတော်များထံ ကိုယ်တော်၏ အကွယ်၌ လျှို့ဝှက်စွာသော ပြုလုပ်သော အမလ်အကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့က (မိမိတို့၏ ဝတ်ပြုမှုကို နည်းသည်ဟု ထင်ကာ) "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသား စားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ (ထိုသတင်း ကိုယ်တော့်ထံ) ရောက်ရှိသောအခါ ကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် မိန့်ကြားတော်မူသည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ ငါကိုယ်‌တော်သည် ည၌ ဆွလားသ်ဝတ်ပြုသည်၊ အိပ်စက်ခြင်းကိုလည်းပြုသည်။ ရိုဇာဥပုသ်လည်း စောင့်ထိန်းသည်။ ရိုဇာမထားဘဲလည်းနေသည်။ အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်မှ ကျောခိုင်းခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။"متفق عليه
အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့ကို (ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန်အတွက် ရှာဖွေရန် ထွက်လာခဲ့ကြသည်။ ထို့နောက် ကျွန်ုပ်တို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့သည်။ ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်သည်။ သို့သော်လည်း ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်ရာ ကျွန်တော်မျိုး "အဘယ်အရာကို ရွတ်ဖတ်ရမည်နည်း" ဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က "ကုလ်ဟုဝလ္လာဟုအဟဒ် (စူရဟ် အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အဖို့ အရာရာတိုင်းမှ လုံလောက်ပေသည်" ဟု မိန့်တော်မူခဲ့သည်။رواه أبو داود والترمذي والنسائي