Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို “سُبْحَانَ اللّٰهِ وَبِحَمْدِهِ” ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်ပမာများပြားခဲ့လျှင်လည်း ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။متفق عليه
မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို ကောင်းစေလိုပါက ထိုသူ့အား သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်း ချီးမြှင့်တော်မူသည်။ ငါကိုယ်တော်သည် ဝေငှပေးသူဖြစ်ပြီး အလ္လာဟ်အရှင်ကသာ ပေးကမ်းချီးမြှင့်တော်မူသည်။ ဤအွမ္မသ်(အနက် အုပ်စုတစ်စု)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ်တွင် အစဉ်အမြဲရပ်တည်လျက်ရှိနေမည်။ ၎င်းတို့အား ဆန့်ကျင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်(ကိယာမသ်) ဆိုက်ရောက်လာသည်အထိ ၎င်းတို့အား နစ်နာဆုံးရှုံးအောင် ပြုနိုင်မည် မဟုတ်ပေ။متفق عليه
အဗ်ဒွလ္လာဟ်ဗင်န်စလာမ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မဒီနဟ်သို့ကြွမြန်းလာတော်မူသောအခါ လူတို့သည် ကိုယ်တော့်ဘက်သို့အလျင်အမြန်ရောက်လာခဲ့ကြသည်။ လူတစ်ချို့က ကိုယ်တော်မြတ်လာပြီ၊ ကိုယ်တော်မြတ်လာပြီ၊ ကိုယ်တော်မြတ်လာပြီဟုပြောကြသည်။ (ဆင့်ပြန်သူကပြောသည်မှာ)ကျွန်တော်လည်းပဲ ကိုယ်တော်မြတ်ကိုကြည့်ရန် လူအုပ်ကြီးထဲသို့လာခဲ့သည်။ ကိုယ်တော်မြတ်အားရှင်းလင်းစွာမြင်တွေ့ရသည့်အခါ ကိုယ်တော်မြတ်၏မျက်နှာသည် လူလိမ်မျက်နှာမဟုတ်ကြောင်း ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်ပထမဦးစွာကြားသိခဲ့ရသည့် ကိုယ်တော်မြတ်၏မိန့်ခြွေချက်မှာ အို လူသားအပေါင်းတို့ စလာမ်များများပေးကြပါ။ အစားအသောက်များ ကျွေးမွေးကြပါ။ ဆွေမျိုးအဆက်သွယ်ထားကြပါ။ လူများအိပ်နေစဥ် ည၌ဆွလာသ်ဝတ်ပြုကြပါ။ အသင်တို့သည် ဂျန္နသ်သို့ ငြိမ်းချမ်းစွာဝင်ကြရမည်။رواه الترمذي وابن ماجه وأحمد
عن أنس رضي الله عنه أنه قَالَ لِثابِتٍ رحمه اللهُ: ألاَ أرْقِيكَ بِرُقْيَةِ رسولِ اللهِ صلى الله عليه وسلم ؟ قال: بلى، قال: «اللَّهُمَّ رَبَّ النَّاسِ، مُذْهِبَ البَأسِ، اشْفِ أنْتَ الشَّافِي، لاَ شَافِيَ إِلاَّ أنْتَ، شِفَاءً لاَ يُغَادِرُ سَقماً».رواه البخاري
စအဒ်ဗင်န်အဗီဝကာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။رواه مسلم
عن ثوبان رضي الله عنه عن النبي صلى الله عليه وسلم قَالَ: "إنَّ المسلِمَ إذا عادَ أخاه المسلِمَ، لم يَزَلْ في خُرْفَةِ الجَنَّةِ حتى يرجعَ"، قيل: يا رسولَ اللهِ ما خُرْفَةُ الجنَّةِ؟، قال: "جَنَاها".رواه مسلم
عن أنس بن مالك رضي الله عنه عن رسول الله صلى الله عليه وسلم أنه كان إذا أكل طعاما، لعق أصابعه الثلاث. قال: وقال: «إذا سقطت لُقمة أحدكم فليُمِطْ عنها الأذى، وليأكلها ولا يَدَعْهَا للشيطان» وأمر أن تُسْلَتَ القَصْعَةُ، قال: «فإنكم لا تدرون في أيِّ طعامكم البركة» وعن جابر بن عبد الله رضي الله عنه أن رسولَ اللهِ صلى الله عليه وسلم قالَ: "إنّ الشيطانَ يَحضُرُ أحدَكُم عندَ كلِ شيءٍ من شَأنِه، حتى يَحضُرَهُ عندَ طعامِهِ، فإذا سَقطتْ لقمةُ أحدِكُم فليَأخُذْها فَلْيُمِطْ ما كانِ بها من أذى، ثم ليَأكُلْها ولا يَدَعْها للشيطانِ، فإذا فَرَغَ فليَلْعَقْ أصابعَهُ، فإنه لا يَدري في أيِّ طَعامه البركة"حديث أنس رواه مسلم. حديث جابر رواه مسلم
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေစဉ် ကိုယ်တော်မြတ်က လပြည့်ည၏ လပြည့်ဝန်းကို ကြည့်ရှုပြီး မိန့်ကြားတော်မူသည်မှာ- ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။ ထို့ကြောင့် အသင်တို့သည် နေမထွက်မီ (ဖဂျ်ရ်) ဆွလာသ် နှင့် နေမဝင်မီ(အဆွ်ရ်) ဆွလာသ်ကို (လက်လွတ်သည်အထိ မည်သည့်အရာ၏) လွှမ်းမိုးမှုမျှမခံရလေအောင် တတ်စွမ်းနိုင်သမျှ ပြုလုပ်ကြပါ။ ထို့နောက် ကိုယ်တော်က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူသည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။)متفق عليه
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကုရ်အာန်ကို ရွတ်ဆိုကျင့်သုံးသူ၏ ဥပမာသည် ခြေကျင်းချည်နှောင်ထားသော ကုလားအုတ်ပိုင်ရှင်နှင့်တူ၏။ အကယ်၍ ၎င်းကို ဂရုစိုက် ထိန်းသိမ်းခဲ့ပါက လွတ်မြောက်ခြင်းမရှိဘဲ ရှိနေမည်။ အကယ်၍ ဖြေလွှတ်ပစ်ခဲ့ပါက (ကုလားအုတ်သည်) ထွက်ခွာသွားလိမ့်မည်။"متفق عليه
عن أنسٍ رضي الله عنه : أنّهُ مَرَّ على صِبْيَانِ، فَسَلَّمَ عليهم، وقالَ: كانَ النبيُّ صلى الله عليه وسلم يَفعلُهُ.متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «من عُرِضَ عليه رَيْحَانٌ فلا يرده، فإنه خفيف الْمَحْمِلِ، طيب الريح».رواه مسلم
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်။ ယင်းသည် ၎င်းတို့အချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်စေခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်ခဲ့ကြသည်။"رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။رواه أبو داود والترمذي وأحمد
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။رواه مسلم
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။رواه مسلم
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။رواه مسلم
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။رواه أبو داود وأحمد
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှုတ်လျှာကြမ်းတမ်းသူ မဟုတ်သလို စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူလည်း မဟုတ်ပေ။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ အို - အာဒမ်၏သား သင်သုံးစွဲလှူဒါန်းပါ၊ သင့်အပေါ်ပြန်လည် သုံးစွဲခြင်းခံရမည်။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။متفق عليه
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)متفق عليه
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အကြင်သူသည် အစ္စလာမ်သာသနာကို လက်ခံယုံကြည်ခဲ့ပြီး၊ လိုအပ်ချက်အလျောက် (လောက်ငှရုံ) စားဝတ်နေရေးကို ရရှိကာ၊ အလ္လာဟ်အရှင်မြတ်သည် မိမိပေးအပ်တော်မူသောအရာဖြင့် သူ့အား ရောင့်ရဲတင်းတိမ်စေတော်မူပါက၊ ဧကန်စင်စစ်ထိုသူသည် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။"رواه مسلم
عن أبي موسى الأشعري رضي الله عنه مرفوعاً: «على كل مسلم صدقة» قال: أرأيت إن لم يجد؟ قال: «يعمل بيديه فينفع نفسه ويتصدق» قال: أرأيت إن لم يستطع؟ قال: «يُعِينُ ذا الحاجة المَلْهُوفَ» قال: أرأيت إن لم يستطع، قال: «يأمر بالمعروف أو الخير». قال: أرأيت إن لم يفعل؟ قال: «يُمسك عن الشر، فإنها صدقة».متفق عليه
အုစာမဟ်ဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏နောက်တွင် ငါကိုယ်တော်သည် အမျိုးသားတို့အပေါ် အမျိုးသမီးတို့ထက် ပိုပြီး အန္တရာယ်ကြီးသည့် ဖိသ်နဟ်ကို ချန်မထားခဲ့ပါ။متفق عليه