Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

عن عبد الله بن مسعود رضي الله عنه مرفوعاً: «يُؤْتَى بجهنم يومئذ لها سبعون ألف زِمَامٍ مع كل زمام سبعون ألف ملك يَجُرُّونَهَا».رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)رواه مسلم
အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။رواه الترمذي وابن ماجه وأحمد
عن أبي سعيد الخدري رضي الله عنه قال: قال رسول الله صلى الله عليه وسلم : "الْبَاقِيَاتُ الصَّالِحَاتُ، لَا إلَهَ إلَّا اللَّهُ، وَسُبْحَانَ اللَّهِ، وَاَللَّهُ أَكْبَرُ، وَالْحَمْدُ لِلَّهِ، وَلَا حَوْلَ وَلَا قُوَّةَ إلَّا بِاَللَّهِ".رواه ابن حبان والحاكم، أما النسائي فرواه في الكبرى لكن من حديث أبي هريرة
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရ‌ပေ။رواه أبو داود والترمذي والنسائي
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤဒုအာကို အမြဲတစေ ရွတ်ဖတ်တော်မူလေ့ရှိခဲ့သည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အကာ အကွယ် မှီခိုအားထားရာဖြစ်သည့် ဒီးန်သာသနာကို ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန် အောင်ပြု လုပ်ပေးတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုး၏ရှင်သန်နေထိုင်ရာနေရာဖြစ်သော ဒွန်ယာလောကကိုလည်း ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန်အောင်ပြုလုပ်ပေးတော်မူပါ။ ကျွန်တော်မျိုး ပြန်လည့်သွားရမည့် အာခိရသ်နောင်တမလွန်ဘဝကိုလည်း ကျွန်တော်မျိုးအတွက် တည့်မှန်မှန်ကန်စေတော်မူပါ။ ၎င်းပြင် အသက်ထင်ရှားရှိခြင်းကိုလည်း ကျွန်တော်မျိုးအဖို့ အလုံးစုံသော ကောင်းမှုများ၏ တိုးတက်ရာတိုးတက်ကြောင်းအဖြစ်ပြုလုပ်ပေးတော်မူပါ။ ထို့ပြင် သေခြင်းတရားကို ကျွန်တော်မျိုးအဖို့ အလုံးစုံသောမကောင်းမှုမှ လွှတ်မြောက်မှုရရန် အကြောင်းတရားအဖြစ်ပြုလုပ်ပေးတော်မူပါ။رواه مسلم
အဗူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သည် ဤ ဒုအာကို အမြဲ တောင်းတော်မူလေ့ရှိသည်။ «رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။متفق عليه
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) သည်ညနေခင်း အချိန်ခါနှင့် မနက်ခင်းအခ်ျန်ခါတို့၌ ဤ တောင်းဆုဒုအာများကို မဖတ်ဘဲ နေ တော်မူလေ့မရှိပေ။ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي». အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လောကီနှင့် နောင်တမလွန်ဘဝတွင် အာဖိယသ်( ကိုယ်စိတ်နှစ်ဖျာ ကျမ်းမာ၊ချမ်းသာမှု ) ကို အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ သာသနာရေး၊ လောကီအရေး၊ မိသားစု‌ ရေးနှင့် ပစ္စည်း ဥစ္စာ‌ရေးတို့တွင် ခွင့်လွှတ်ချမ်းသာ ပေးမှုနှင့် အာဖိယသ် ( ကိုယ်စိတ်နှစ်ဖျာ ကျမ်းမာ၊ချမ်းသာမှု ) ကို အရှင်မြတ်ထံ တောင်းခံပါ၏။ ထို့ပြင် ကျွန်တော်မျိုး၏ လျှို့ဝှက်အပ်သော ( အရှက်တကွအကျိုးနည်းဖြစ်စေမည့် ) အရာများကို ဖုံးကွယ်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ စိတ်သောကများကို ငြိမ်းအေးစေတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား မိမိ၏ အရှေ့မှ သော်လည်း‌ ကောင်း၊ အနောက်မှသော်လည်း ကောင်း၊ ညာဘက်မှသော်လည်း ကောင်း၊ ဘယ်ဘက်မှသော်လည်း ကောင်း၊ အပေါ်မှသော်လည်း ကောင်း၊ အောက်မှသော်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။ အရှင်မြတ်၏ ကြီး ကျယ်မြင့်မြတ်လှသော ဂုဏ်တော်အားဖြင့် ကျွန်တော်မျိုး၏ အောက်ဘက်မှ ရုတ်တရက်ဖျက်စီး ခံရခြင်း ( မြေမြိုခံရခြင်း ) မှ ကင်းလွှတ်ရန် အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။رواه أبو داود والنسائي وابن ماجه وأحمد
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ တောင်းဆုဒုအာများထဲမှ (ဤဒုအာ) လည်းပါဝင်သည်။ အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။رواه مسلم
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လ လ္လာဟုအလိုင်ဟိ ဝစလ္လမ် )သည် ဤစကားရပ်တော်များဖြင့် ဒုအာတောင်းတော်မူလေ့ရှိခဲ့သည်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တာ်မျိုး ကြွေးမြီ၏ ဝန်ပိခြင်း၊ ရန်သူ၏ လွှမ်းမိုးခံရခြင်းနှင့် ရန်သူတို့၏ အားရဝမ်းသာဖြစ်မှုတို့မှ အရှင်မြတ်ထံ ခိုလှုံပါ၏။رواه النسائي وأحمد
عن عبد الله بن عمر رضي الله عنهما عن النبي صلى الله عليه وسلم قال: «المؤمن الذي يخالط الناس، ويصبر على أذاهم خير من الذي لا يخالط الناس ولا يصبر على أذاهم».رواه الترمذي وابن ماجه وأحمد
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သော‌ကြောင့်ဖြစ်သည်။"رواه مسلم
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «الْمُؤْمِنُ مِرْآةُ أَخِيهِ الْمُؤْمِنِ».رواه أبو داود والترمذي
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။رواه مسلم
အန်နုအ်မာန်ဗင်န် ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်အမှန်ပင်(ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ “ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် ‘ဂျဟန္နမ်’ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။” ကုရ်အာန် (၄၀:၆၀)رواه أبو داود والترمذي وابن ماجه وأحمد
အိယာဿ်ွ ဗင်န် ဟိမာရ်ဗနီမုဂျာရှီအီ (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည် တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ - ထို့နောက် ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့ရာတွင် ဤသို့ပါရှိသည်- “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။"رواه مسلم
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)متفق عليه
ရှဒ်ဒါးဒ် ဗင်န် အောင်စ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " စိုင်ရိဒ္ဒုလ် အိစ်သိဂ်ဖာရ် " အပြည့်စုံဆုံး လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းမှာ အသင့်အနေဖြင့် ဤသို့ ဆိုခြင်းဖြစ်သည်။ «اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ» အဓိပ္ပါယ် - (အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်‌တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်ဖြစ်ပါ၏။ အရှင်မြတ်မှတပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးကျွန်ဖြစ်ပါသည်။ ကျွန်တော်မျိုး တတ်စွမ်းနိုင်သမျှ အရှင်မြတ်၏ ကတိကဝတ်ပေါ်၌ ရပ်တည်နေပါ၏။ ကျွန်တော်မျိုး ပြုလုပ်ခဲ့မိသော မကောင်းမှုများ၏ဘေးရန်မှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ကျွန်တော်မျိုးအပေါ် အရှင်မြတ် ချီးမြှင့်တော်မူထားသော ကျေးဇူးတော်များကို ကျွန်တော်မျိုး ဝန်ခံပါ၏။ ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ပါသည်။) ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "မည်သူမဆို နေ့အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး ထိုနေ့ ညနေမတိုင်မီ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။ ထိုနည်းတူ မည်သူမဆို ညဉ့်အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး မနက်မိုးမလင်းခင် သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။رواه البخاري
အဗ်ဒုလ္လာဟ် ဗင်န်မတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မှန်‌သောစကားကိုသာ‌ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အ‌ပေါ်၌တာဝန်ရှိသည်။ မှန်‌သောစကားကိုသာ‌ပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြ‌ပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြ‌ပေးသည်။ လူတစ်ဦးသည် အမှန်ကိုပြောဆိုရင်း၊ အမှန်ကိုသာရှာဖွေရင်း နောက်ဆုံးတွင်သူသည်အလ္လာဟ်အရှင်မြတ်ထံ‌တော်ပါးတွင် အလွန်မှန်ကန်သူ ဖြစ်သွားသည်။ အသင်တို့သည် မုသားပြောခြင်းမှရှောင်ကြဉ်ကြကုန်။ မုသားသည် မကောင်းမှုဘက်သို့ လမ်းပြပေးသည်။ မကောင်းမှုသည် ဂျဟန္နမ်ငရဲဘက်သို့ လမ်းပြ‌ပေးသည်။ လူတစ်ဦးသည် မုသားပြောရင်း၊ မုသားကို ရှာဖွေရင်း နောက်ဆုံးတွင် သူသည် အလ္လာ့ဟ်အရှင်မြတ်ထံ‌တော်၌အလွန်မုသားပြောသူဟုရေးမှတ်ခြင်းခံရပေသည်။”متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကလိမဟ်တော် နှစ်ခုသည် နှုတ်လျှာပေါ်တွင် (ရွတ်ဆိုရာ၌) လွယ်ကူ ပေါ့ပါးပြီး (မီဇာန်) ချိန်ခွင်၌ အချိန်စီးသည်။ အနန္တကရုဏာရှင်ထံတော်၌လည်း နှစ်သက်ဖွယ်ရာဖြစ်သည်။ ၎င်းတို့မှာ ( سُبْحَانَ اللّٰهِ الْعَظِيمِ ، سُبْحَانَ اللّٰهِ وَبِحَمْدِهِ )ဖြစ်သည်။ အဓိပ္ပါယ်- (ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူပြီး ချီးမွမ်းထောမနာခြင်းဟူသမျှသည် အရှင်မြတ်အတွက်သာ ဖြစ်တော်မူ၏။)متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။رواه الترمذي وابن ماجه وأحمد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။رواه مسلم
အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။رواه الترمذي وأحمد