Hadith for the World
Topic

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

288 hadiths

288 hadiths

عن أبي هريرة رضي الله عنه أَنَّهُ سَمِعَ النَّبيَّ -صلّى اللهُ عليه وسَلَّم يقول-: «إن العبد ليتكلم بالكلمة ما يتبين فيها يزلُّ بها إلى النار أبعدَ مما بين المشرق والمغرب».متفق عليه
عن عبد الله بن عمر رضي الله عنهما أَنَّ رَجُلاً مِنَ الأعرَاب لَقِيهَ بِطَريق مَكَّة، فَسَلَّم عَلَيه عَبد الله بنُ عمر، وَحمَلهُ على حمار كان يركَبُهُ، وَأعطَاه عِمَامَة كَانت على رأسه، قال ابن دينار: فقُلنا له: أَصْلَحَك الله، إنَّهم الأعراب وهُم يَرْضَون بِاليَسِير، فقال عبدُ الله بنَ عُمر: إِنَّ أَبَا هَذَا كَانَ وُدًّا لِعُمر بنِ الخطَّاب رضي الله عنه وإنِّي سَمِعت رسول الله صلى الله عليه وسلم يقول: «إِنَّ أَبَرَّ البِرِّ صِلَةُ الرَّجُل أَهْلَ وُدِّ أَبِيه». وفي رواية عن ابن دينار، عن ابن عمر: أنَّه كان إذَا خَرَج إلى مكة كان له حمار يَتَرَوَّحُ عليه إذا ملَّ رُكُوبَ الرَّاحِلة، وَعِمَامة يَشُدُّ بها رأسه، فَبينَا هو يومًا على ذلك الحمار إِذْ مَرَّ بِهِ أَعْرَابِي، فقال: أَلَسْتَ فُلاَن بنَ فُلاَن؟ قال: بَلَى. فَأَعْطَاهُ الحِمَار، فقال: ارْكَب هَذَا، وَأَعْطَاهُ العِمَامَةَ وَقَالَ: اشْدُدْ بِهَا رَأْسَكَ، فَقَالَ لَهُ بَعض أصحَابِه: غفر الله لك أَعْطَيت هذا الأعرابي حمارا كنت تَرَوَّحُ عليه، وعِمَامَة كُنتَ تشدُّ بها رأسَك؟ فقال: إِنِّي سمِعت رسول الله صلى الله عليه وسلم يقول: «إِنَّ مِنْ أَبَرِّ البِّر أَنْ يَصِلَ الرَّجُلُ أَهْلَ وُدَّ أَبِيهِ بَعْدَ أَنْ يُوَلِّيَ» وَإِنَّ أَبَاه كان صَدِيقًا لِعُمَرَ رضي الله عنه .رواه مسلم
عن أنس بن مالك رضي الله عنه مرفوعًا: «من قال -يعني: إذا خَرج من بَيتِه-: بِسم الله تَوَكَّلتُ على اللهِ، وَلاَ حول ولا قُوَّة إِلَّا بالله، يُقَال له: هُدِيتَ وَكُفِيتَ وَوُقِيتَ، وَتَنَحَّى عَنه الشَّيطَان». زاد أبو داود: «فيقول -يعني: الشيطان- لِشَيطان آخر: كَيف لَك بِرَجلٍ قَد هُدِيَ وكُفِيَ ووُقِيَ؟».رواه أبو داود والترمذي
عن معاذ بن جبل رضي الله عنه عن رسول الله صلى الله عليه وسلم أنه قال: «قَالَ اللهُ -عَزَّ وجَلَّ-: المُتَحَابُّون فِي جَلاَلِي، لَهُم مَنَابِرُ مِن نُورٍ يَغْبِطُهُم النَبِيُّونَ والشُهَدَاء».رواه الترمذي وأحمد
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီ‌နောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။رواه أبو داود
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။رواه الترمذي والنسائي في الكبرى وابن ماجه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား။စွဟာဗဟ်များက အို - အလ္လာဟ်ရဲ့ ရစူလ်တမန်တော် အမှန်ပင် ညွှန်ပြပေးတော်မူပါဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မနှစ်မြို့ဖွယ် ( ခက်ခဲသည့် )အခြေအနေများတွင်လည်း ဝူဿွူကို သေချာကျနစွာ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လှမ်းခြင်း၊ ဆွလာသ်တစ်ကြိမ် (ဝတ်ပြု)ပြီးနောက် နောက်ထပ်ဆွလာသ်အတွက် (မိမိ၏ဝတ်ပြုရာနေရာ၌ပင်) စောင့်ဆိုင်းနေခြင်းတို့ဖြစ်သည်။ ဤသည် ရိဗာသ်ွ (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်းကဲ့သို့ အဆင့်အတန်းရရှိသည့် အမလ်ကောင်းမှု )ဖြစ်သည်။رواه مسلم
အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ၊ ရွှေငွေများ လှူဒါန်းခြင်းထက်လည်း သာလွန်ကောင်းမြတ်ပြီး ( ဂျိဟာဒ်စစ်ပွဲတွင် )ရန်သူတို့နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှခြင်း (သို့) သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲခြင်းထက်ပင် သာလွန်ကောင်းမြတ်သော အမလ်တစ်ခုကို အသိ ပေးမတင်ပြရဘူးလား။" ထိုအခါ စွဟာဗဟ်များက " အမှန်ပင် တင်ပြမိန့်ကြားပါ" ဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိဝစ္စလမ် )က မိန့်ကြားတော်မူသည်မှာ "ထို အရာသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းပင်ဖြစ်သည်။رواه الترمذي وابن ماجه وأحمد
ဆုလိုင်မားန် ဗင်န် စွုရဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူထိုင်နေစဉ် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာနေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟု မိန့်တော်မူသည်။ ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုအခါ ထိုသူက "ကျွန်ုပ် ရူးသွပ်နေတယ်လို့ (ထင်နေကြသလား)" ဟုပြန်ပြောလေသည်။متفق عليه
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။رواه البخاري
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။رواه مسلم
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ‌လေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။"متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။رواه مسلم
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းမှန်တရားကိုလည်းကောင်း၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်းကိုလည်း ကောင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကိုလည်းကောင်း၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့် တမှုကင်းခြင်းကို လည်းကောင်း အရှင်မြတ်ထံ တောင်းခံပါ ၏။رواه مسلم
عن أبي هريرة، عن النبي صلى الله عليه وسلم قال: «إن العبد لَيَتَكَلَّمُ بالكلمة من رِضْوَانِ الله تعالى ما يُلْقِي لها بَالًا يَرْفَعُهُ الله بها درجاتٍ، وإن العبد لَيَتَكَلَّمُ بالكلمة من سَخَطِ الله تعالى لا يُلْقِي لها بَالًا يَهْوِي بها في جهنم». وعن أبي عبد الرحمن بلال بن الحارث المزني رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «إن الرجل لَيَتَكَلَّمُ بالكلمة من رِضْوَانِ الله تعالى ما كان يظن أن تبلغ ما بَلَغَتْ يكتب الله له بها رِضْوَانَهُ إلى يوم يَلْقَاهُ، وإن الرجل لَيَتَكَلَّمُ بالكلمة من سَخَطِ الله ما كان يظن أن تبلغ ما بَلَغَتْ يكتب الله له بها سَخَطَهُ إلى يوم يَلْقَاهُ».حديث أبي هريرة -رضي الله عنه-: رواه البخاري. حديث بلال المزني -رضي الله عنه-: رواه الترمذي وابن ماجه ومالك وأحمد
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «إنَّ في الجنَّة مائةَ دَرَجَة أعَدَّهَا الله للمُجاهِدين في سَبِيل الله ما بَيْنَ الدَّرَجَتَيْنِ كما بين السماء والأرض».رواه البخاري
عن جابر رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «إن في الليل لساعة، لا يُوَافِقُهَا رجُلٌ مُسلم يَسأل الله تعالى خيرًا من أمْرِ الدنيا والآخرة، إلا أعْطَاه إِياه، وذلك كُلَّ ليلة».رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ လျှောက်ထားသည်မှာ ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ် စောင့်ထိန်းပါ။ ထိုအခါ ကျေးတောသားက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည်ကျွန်တော်မျိုးသည် ဤအချက်များထက် ပို၍မလုပ်ပါဟု ပြောကြားခဲ့သည်။ ၎င်းသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤပုဂ္ဂိုလ်ကိုကြည့်ပါ။متفق عليه
عن سهل بن سعد الساعدي ـرضي الله عنه- قَالَ رَسُول اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «لو كانت الدنيا تَعدل عند الله جَناح بَعوضة، ما سَقَى كافراً منها شَرْبَة ماء».رواه الترمذي
အဗူစအီးဒ် အလ်ခုဒ်ရီနှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။متفق عليه
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်‌မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါက အရှင်မြတ်သည် ထိုကျိန်ဆိုချက်ကို ပြည့်စုံစေတော်မူ၏။”رواه مسلم
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။رواه البخاري