Hadith for the World
အကီဒဟ် ယုံကြည်ချက်။

အမည်နာမများနှင့် အမိန့်ပညတ်ချက်များ။

22 hadiths

22 hadiths

အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မှောင်မိုက်သော ညအစိတ်အပိုင်းကဲ့သို့ဖြစ်ပေါ်လာမည့် ဖိသ်နဟ်(စမ်းသပ်မှုများ) မတိုင်မီ အသင်တို့သည် ကောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ။ ထိုအချိန်တွင် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ ၎င်းသည် လောကီအကျိုးစီးပွားအတွက် မိမိ၏သာသနာကို ရောင်းစားမည် ဖြစ်သည်။رواه مسلم
عن أبي هريرة رضي الله عنه مرفوعاً: «الإيمانُ بِضْعٌ وَسَبْعُونَ أو بِضْعٌ وسِتُّونَ شُعْبَةً: فَأَفْضَلُهَا قَوْلُ: لا إله إلا الله، وَأَدْنَاهَا إِمَاطَةُ الأَذَى عَنِ الطَّرِيقِ، وَالحَيَاءُ شُعْبَةٌ مِنَ الإِيمَانِ».متفق عليه
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။رواه أحمد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။متفق عليه
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားသို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှားကို လိုက်နာကျင့်သုံးသူရရှိသည့် အပြစ်အကုသိုလ်အတိုင်း အပြစ်အကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် လိုက်နာကျင့်သုံးသူများ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။رواه مسلم
မဟ်မူဒ်ဗင်န်လဗီဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှုဖြစ်သည်။ ကိယာမသ်နေ့၌ လူတို့သည် မိမိတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်ပတ်သက်၍ အစားပေးခြင်းခံရသည့်အခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ရိယာအ်ပြစားသူတို့အား မိန့်ကြားတော်မူမည်မှာ လောက၌ အသင်တို့ပြစားခဲ့သူများထံသို့ သွားကြပါ။ ၎င်းတို့ထံတွင် ကောင်းကျိုးတစ်စုံတစ်ရာ တွေ့ရမည်လားဟု အသင်တို့ကြည့်ကြပါ။رواه أحمد
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင် ခန္ဓာကိုယ်တစ်ခုနဲ့ အလားတူသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒုက္ခဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဒုက္ခအခက်အခဲများကြုံတွေ့သည့်အခါ မိမိပါးများကို ရိုက်ပုတ်သူ၊ အင်္ကျီရင်စများကို ဆွဲဖြဲသူ၊ ဂျာဟိလိယသ် အမိုက်ခေတ်က ကြွေးကြော်သလို ကြွေးကြော်သူတို့သည် ငါတို့အနက်မှ မဟုတ်ပေ။متفق عليه
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်အချို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။رواه مسلم
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အီမာန် သက်ဝင်ယုံကြည်မှု၌ အကိုင်းအလက် (အစိတ်အပိုင်း) ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော် ရှိသည်။ ၎င်းတို့အနက် အမြင့်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်”ရွတ်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးမှာ လမ်းပေါ်မှ ဒုက္ခဖြစ်စေမည့် အရာကို ဖယ်ရှားပေးခြင်းဖြစ်သည်။ အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။متفق عليه
ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုပါက ထိုသူသည် ငါကိုယ်တော်တို့အနက်မှ မဟုတ်ပေ။"رواه أبو داود وأحمد
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။متفق عليه
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။متفق عليه
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။رواه مسلم
အဗူမာလိက် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။رواه مسلم
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထား‌သော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- ကျွန်မက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် အစ်ဗ်နု ဂျုဒ်အာန်သည် (ဂျာဟိလိယသ်) အမိုက်ခေတ်တွင် ဆွေမျိုးသားချင်း အဆက်အထားသူ၊ ဆင်းရဲသားများကို ကျွေးမွေးသူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်၍ ထိုလုပ်ရပ်တို့က သူ့အား အကျိုးပေးနိုင်မည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ- သူ့အား အကျိုးမပေးနိုင်ပေ။ ၎င်းသည် တစ်ခါမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိပေ။رواه مسلم
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။رواه مسلم
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ، عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: "ثَلاَثٌ مَنْ كُنَّ فِيهِ وَجَدَ حَلاَوَةَ الإِيمَانِ: أَنْ يَكُونَ اللَّهُ وَرَسُولُهُ أَحَبَّ إِلَيْهِ مِمَّا سِوَاهُمَا، وَأَنْ يُحِبَّ المَرْءَ لاَ يُحِبُّهُ إِلَّا لِلَّهِ، وَأَنْ يَكْرَهَ أَنْ يَعُودَ فِي الكُفْرِ كَمَا يَكْرَهُ أَنْ يُقْذَفَ فِي النَّارِ".متفق عليه
အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မုသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။رواه مسلم
عن جابر بن عبد الله قال: كان رسول الله صلى الله عليه وسلم إذا خطب احمرَّتْ عيناه، وعلا صوته، واشتد غضبه، حتى كأنه مُنذِرُ جيشٍ يقول: صبَّحكم ومسَّاكم، ويقول: «بُعثتُ أنا والساعةُ كهاتين»، ويقرن بين إصبعيه السبابة، والوسطى، ويقول: «أما بعد، فإن خير الحديث كتاب الله، وخير الهدى هدى محمد، وشر الأمور محدثاتها، وكل بدعة ضلالة» ثم يقول: «أنا أولى بكل مؤمن من نفسه، من ترك مالًا فلأهله، ومن ترك دينًا أو ضَياعًا فإليَّ وعليَّ».رواه مسلم