Hadith for the World
Tap the image to view it full size
အကီဒဟ် ယုံကြည်ချက်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

Available in 55 languages
«အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။"»

Meaning translation ·

Explanation

The meaning in a few plain lines

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ "မုအ်မင်န် သင်ဝင်ယုံကြည်သူ အမျိုးသား၊ အမျိုးသမီးတို့သည် ဘေးဒုက္ခများနှင့်စမ်းသပ်အမျိုးမျိုးကို အစဉ်မပြတ်ခံစားရပေသည်။ ဥပမာ မိမိတို့၏ကိုယ်ခန္ဓာတွင် နာမကျန်းဖြစ်ခြင်း၊ မိမိတို့၏သားသမီးများတွင် ဖျားနာခြင်း၊ ကွယ်လွန်ခြင်း၊ သားသမီးတို့က မိဘအမိန့်ကို မနာခံခြင်း၊ သိုမဟုတ် ပစ္စည်းဥစ္စာဆင်းရဲခြင်း၊ ကုန်ရောင်းကုန်ဝယ်ပြုရာတွင် နစ်နာဆုံးရှုးခြင်း၊ ခိုးဝှက်ခံရခြင်း၊ အသက်မွေးဝမ်းကြောင်းပြုရာ၌ကျပ်တည်းမှုကို ခံစားရခြင်း၊ ရိုဇီရိက္ခာကျပ်တည်းခြင်း စသည်တိုအား အစဉ်အမြဲခံစားကြရပေသည်။ ဤသိုဘေးဒုက္ခများခံစားရသောကြောင့် အရှင်မြတ်သည် ယင်းမုအ်မင်န်တို၏အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်လိုက်လေရာ ယင်းမုအ်မင်န်သည် ကျူးလွန်ခဲ့သည့်အပြစ်အကုသိုလ်များအားလုံးမှ သန့်ပြန့်စင်ကြယ်သွားသည့်အနေအထားဖြင့် အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခွင့်ရသွားသည်။

Source
رواه الترمذي وأحمد
Download image

Saved at original quality